မီးဘေးအန္တရာယ်စိုးရိမ်မှုကြောင့် တက္ကသိုလ်ကျောင်းဝင်းအတွင်း Hoverboard စီးနင်းခွင့်ကို အမေရိကန်တက္ကသိုလ်တွေမှာ ပိတ်ပင်

22743903673_05cfba7e02

Hoverboard တွေ မီးစွဲလောင်တဲ့ဗီဒီယိုတွေ ထွက်ပေါ်လာပြီးနောက်မှာ အမေရိကန်နိုင်ငံက တက္ကသိုလ်ကောလိပ်တွေဟာ ကျောင်းဝင်းအတွင်း hoverboard ခေါ် ဟန်ချက်ထိန်းလျှပ်စစ်ယာဉ်တွေ စီးနင်းသွားလာမှုကို ပိတ်ပင်လိုက်ပါတယ်။

AP သတင်းဌာနရဲ့ဖော်ပြချက်အရ၊ အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်ကောလိပ်ပေါင်း ၂၀ လောက်ဟာ hoverboard တွေမှာ အသုံးပြုထားတဲ့ လီသီယမ်-အိုင်းယွန်းဘက်ထရီတွေကနေ မီးစွဲလောင်နိုင်မှုအန္တရာယ်ကြောင့် တားမြစ်ပိတ်ပင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

“ ဒီပစ္စည်း (hoverboard) တွေက ရုတ်တရက်မီးထထစွဲလောင်တတ်ပါတယ်။ ဒီလိုအဖြစ်မျိုးကို ကျွန်တော်တို့ ကျောင်းအိပ်ဆောင်တွေမှာ မဖြစ်စေချင်ပါဘူး” လို့ Kean တက္ကသိုလ်ရဲ့ မီးဘေးလုံခြုံရေးဌာနမှူး Len Dolan က ပြောကြားခဲ့ပါတယ်။

အမေရိကန်က တက္ကသိုလ်တော်တော်များများမှာ hoverboard စီးနင်းခွင့်ကို လုံးဝတားမြစ်လိုက်ပေမယ့်လည်း တစ်ချို့ ကျောင်းတွေကတော့ တားမြစ်ပိတ်ပင်ခြင်း မပြုလုပ်သေးတာကို တွေ့ ရပါတယ်။ ဒါပေမယ့် ဒီကျောင်းတွေမှာလည်း စာသင်ခန်းတွေနဲ့ အိပ်ဆောင်တွေမှာ hoverboard စီးနင်းခွင့်ကို ပိတ်ပင်ထားပါတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း၊ လေကြောင်းလိုင်းတော်တော်များများဟာ hoverboard တွေနဲ့ လျှပ်စစ်စကူတာယာဉ်တွေကို မီးဘေးစိုးရိမ်မှုကြောင့်ပဲ လေယာဉ်ပေါ် သယ်ယူခွင့် တားမြစ်ခဲ့သလို အွန်လိုင်းအရောင်းအ၀ယ်ဝက်ဘ်ဆိုဒ် Amazon ဟာ ဘေးကင်းစိတ်ချရမှု မရှိတဲ့ hoverboard တွေဝယ်ယူထားမိသူဖောက်သည်တွေကို ငွေပြန်အမ်းပေးခဲ့ပါတယ်။ ထို့ နောက်မကြာမီ Amazon ၀က်ဘ်ဆိုဒ်မှာ hoverboard ရောင်းချမှုတွေကို လုံးဝဖြုတ်ချခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

Ref: engadget

You may be interested

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
0 shares0 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Apple, Mobiles & Tablets, NEWS
825 shares149 views

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ့ iPhone Xr တို့မှာ Qualcomm modem တွေ သုံးချင်ခဲ့ပေမယ့်၊ Qualcomm က Chip မရောင်းခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ Qualcomm ရဲ့…

Redmi Note 7 ပထမအသုတ် ၈ မိနစ်အတွင်း ရောင်းကုန်
Mobiles & Tablets, NEWS, Xiaomi
2316 shares367 views

Redmi Note 7 ပထမအသုတ် ၈ မိနစ်အတွင်း ရောင်းကုန်

Nigma - Jan 15, 2019

(Zawgyi) သီးခြား Brand အဖြစ် ခွဲထွက်လိုက်ပြီဖြစ်တဲ့ Redmi ရဲ့ ထုတ်ကုန်မန်နေဂျာက ဇန်နဝါရီလအကုန်မှာတင် Redmi Note 7 အလုံးရေ တသန်းအထိ ရောင်းချနိုင်ဖို့ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒီနေ့ကတော့ Redmi Note 7 ဖုန်းကို ပထမဆုံးအကြိမ် အွန်လိုင်းကနေ…

Leave a Comment

Most from this category