Samsung ၏ နောက်ဆုံးပေါ် Galaxy A80 စမတ်ဖုန်းအား မြန်မာနိုင်ငံတွင်မိတ်ဆက်
လက်တွေ့ဘဝတွင် အမှန်တကယ်တွေ့ကြုံနေရသည့်အတိုင်း ရိုက်ကူး၊ ချိတ်ဆက်၊ မျှဝေချင်သူများအတွက် ဒီဇိုင်းပြုလုပ်ဖန်တီးထားသည့်စမတ်ဖုန်းသစ်
မန္တလေး၊ မြန်မာ – ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ရက် – လက်တွေ့ဘဝနှင့်ထပ်တူကျသော မျှဝေဆက်သွယ်မှုများကို နှစ်သက်သည့် သုံးစွဲသူများအတွက် ဖန်တီးထုတ်လုပ်ထားသော Galaxy A80 စမတ်ဖုန်းသစ်ကို မန္တလေးမြို့တွင်ကျင်းပသည့် Galaxy Fan Party တွင် Samsung Myanmar က မီဒီယာများအား တရားဝင်မိတ်ဆက်လိုက်သည်။
“ကျွန်တော်တို့ ဘာပဲလုပ်လုပ် သုံးစွဲသူတွေအတွက် အမြဲဦးစားပေးစဉ်းစားပါတယ်။ အခုဆိုရင် ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနေထိုင်မှုပုံစံနဲ့ ကိုက်ညီမယ့် စမတ်ဖုန်းတွေကို ရွေးချယ်လာကြပါတယ်။ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ကောင်းကောင်းနားလည်နိုင်တဲ့ အချက်တွေကြောင့် Samsung ဟာ လူတိုင်းအတွက် တီထွင်ဆန်းသစ်မှုတွေကို ပေးစွမ်းတဲ့နေရာမှာ ထိပ်တန်းက ရပ်တည်နေတာဖြစ်ပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။
“Galaxy A Series တွေမှာ မော်ဒယ်လ်အမျိုးအစား စုံစုံလင်လင်ရှိတာကြောင့် လူတိုင်းဟာ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ကြိုက်ညီပြီး ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို လုပ်ဆောင်နိုင်တဲ့ ဖုန်းအမျိုးအစားကို အကောင်းဆုံး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အခုအသစ်မိတ်ဆက်လိုက်တဲ့ Galaxy A80 မှာဆိုရင် လက်တွေ့ဘဝနဲ့တစ်ထပ်တည်း ချိတ်ဆက်မျှဝေချင်သူတွေအတွက် အကောင်းဆုံး Premium လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားပါတယ်။” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘာကြီးကို သင်မြင်တွေ့နေရသည့်အတိုင်း ရိုက်ကူးပုံဖော်လိုက်ပါ
Galaxy A8 တွင်ပါဝင်လာသော Samsung ၏ ပထမဆုံး အလှည့်အပြောင်းပြုလုပ်နိုင်မည့် ကင်မရာကြောင့် သုံးစွဲသူများအနေဖြင့် ကမ္ဘာကြီး၏အလှတရားကို စိတ်တိုင်းကျရိုက်ကူးပုံဖော်နိုင်မည်ဖြစ်သည်။ Selfie mode အား ရွေးချယ်သည့်အခါ ဖုန်း၏အနောက်ဘက်တွင်ပါရှိသည့် ကင်မရာ၃လုံးသည် အပေါ်သို့ ထွက်ပေါ်လာမည်ဖြစ်ပြီး အရှေ့ဘက်သို့လှည့်ပြောင်းသွားမည်ဖြစ်သည်။ တီထွင်ဆန်းသစ်ထားသော ကင်မရာလုပ်ဆောင်ချက်တွင် high-resolution Lens ပါဝင်သည့် ကင်မရာ ၃ လုံးအား အရှေ့ကင်မရာအဖြစ်သာမက အနောက်ကင်မရာ အဖြစ်ပါ အသုံးပြုနိုင်သောကြောင့် Selfie ရိုက်သည့်အခါတွင်လည်း တူညီသော အရည်အသွေး ရရှိနိုင်မည် ဖြစ်သည်။
ထို့အပြင် 48 MP main camera ဖြင့့် ဆန်းသစ်လှပသောပုံရိပ်များအား နေ့ရောညပါ အချိန်မရွေးရိုက်ကူးနိုင်မည်ဖြစ်ပြီး Galaxy A80 ၏ 3D Depth camera သည် အရာဝတ္ထု၏ အတိုင်းအတာနှင့် ထုထည်များအားတိုင်းတာပေးနိုင်သည့် Live Focus video အဖြစ်လည်း ရိုက်ကူးပေးမည် ဖြစ်သည်။ ထို့အပြင် Built-in ပါဝင်လာသော Ultra wide Angle Lens သည် လူသားတစ်ဦး၏ မျက်လုံးတွင် အမှန်တကယ် မြင်တွေ့ရသည့်အတိုင်း ပုံရိပ်များအား ရိုက်ကူးပေးနိုင်မည်ဖြစ်သောကြောင့် သင်၏ အနှစ်ခြိုက်ဆုံးရှုခင်းများအား ခင်မင်သူများနှင့် မျှဝေခံစားနိုင်မည်ဖြစ်သည်။
Super Steady Video Mode သည် လှုပ်ရှားမှုများသော အဖြစ်အပျက်များအား ဗီဒီယိုရိုက်ကူးချိန်တွင် လှုပ်ရှားတုန်ခါမှုများအား လျှော့ချပေးနိုင်ပြီး အရည်အသွေးကောင်းမွန်သော ဗီဒီယိုများကို ရရှိစေမည်ဖြစ်သည်။
အကောင်းဆုံး ဖျော်ဖြေရေးအတွေ့အကြုံများကိုခံစားလိုက်ပါ
လှည့်ပြောင်းအသုံးပြုနိုင်သော rotating camera ၏ စွမ်းဆောင်မှုဖြင့် မြင်ကွင်းရှုထောင့်မျိုးစုံးကို Samsung ၏ ပထမဆုံး အဆုံးအစမဲ့မျက်နှာပြင်ပေါ်တွင် တွေ့မြင်ခံစားနိုင်မည်ဖြစ်သည်။ ၆.၄ လက်မ FHD+ Super AMOLED မျက်နှာပြင် ပါဝင်သည့် Galaxy A80 သည် ဂိမ်းဆော့သည့်အခါ ၊ ဓာတ်ပုံနှင် ဗီဒီယိုရိုက်ကူးသည့်အခါ အကောင်းဆုံးအတွေ့အကြုံကို ရရှိခံစားစေမည့်အပြင် ဆန်းသစ်သောခံစားမှုမျိုးစုံကိုလည်း ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထို့အပြင် Galaxy A80 တွင်ပါဝင်သော Dolby Atmos နည်းပညာသည် နားကြပ် သို့မဟုတ် Bluetooth စပီကာများကို အသုံးပြုသည့်အခါ ဘေးပတ်ဝန်းကျင် ဘက်ပေါင်းစုံမှကြားရသော သောတအာရုံခံစားမှုကို ရရှိစေမည်ဖြစ်သည်။
အချိန်ကြာကြာအသုံးပြုနိုင်ရန် စွမ်းဆောင်ပေးမည့် ဘက်ထရီ
Galaxy A80 တွင် ပါဝင်လာသော 3700 mAh ဘက်ထရီကြောင့် ဖုန်းသုံးစွဲမှုကို ပိုမိုကြာရှည်စွာစွမ်းဆောင်စေနိုင်သကဲ့သို့
25 W နှှုန်းရှိသည့် အမြန်အားသွင်းစနစ်ကြောင့် ပြန်လည်အားသွင်းသည့်အခါ ပိုမိုမြန်ဆန်အဆင်ပြေစေမည်ဖြစ်သည်။ ထိုကဲ့သို့ စွမ်းဆောင်ရည်မြင့်မားသောဘက်ထရီကြောင့် နေ့စဉ်အသုံးပြုမှုနေသော အက်ပလီကေးရှင်းများကို အဆင်ပြေ ချောမွေ့စွာ သုံးစွဲနိုင်မည်ဖြစ်သည်။
ချိတ်ဆက်အသုံးပြုလိုသည့်အရာအားလုံးကို အချိန်မရွေး လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည်
Galaxy A80 ၏ စွမ်းဆောင်ရည်မြင့်မားသည့် လုပ်ဆောင်ချက်များအား တိုးမြှင့်ရာတွင် AI ပံ့ပိုးမှုပါဝင်သည့် ဆော့ဖ်ဝဲတွင် ဘက်ထရီ၊ CPU၊ အသုံးပြုမှုကို အခြေခံ၍ လုံလုံလောက်လောက် ထည့်သွင်းပေးထားသည့် RAM တို့ကို အဆင့်မြှင့်တင်ပေးထားသည်။ ထို့ကြောင့် ဖုန်း၏လုပ်ဆောင်ချက်နှင့် အက်ပလီကေးရှင်းများကို အသုံးပြုရာတွင် ပိုမို မြန်ဆန်စေရန် အထောက်အကူပြုမည်ဖြစ်သည်။
Bixby Routines သည် သုံးစွဲသူ၏ဖုန်းသုံးစွဲမှုတွင် ပါရှိသည့် အက်ပလီကေးရှင်းအသုံးပြုမှုပုံစံနှှင့် အလေ့အကျင့်များကို စောင့်ကြည့်လေ့လာမည်ဖြစ်ပြီး မိမိအသုံးပြုလိုသည့်လုပ်ဆောင်ချက်များအား အလိုအလျောက်သိရှိနိုင်အောင် ကူညီပေးမည်ဖြစ်သည်။ Galaxy A80 တွင် Samsung Knox စနစ်ကိုလည်း ထည့်သွင်းပေးထားပြီး အဆိုပါစနစ်သည် ဖုန်းထဲတွင်ပါဝင်သည့် chipset အပိုင်းမှ software ပိုင်းအထိ ကာကွယ်ပေးနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် Samsung ၏ ကိုယ်ပိုင်လုံခြုံရေးစနစ်တစ်ခုဖြစ်သည်။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်များအား လုံခြုံစိတ်ချစွာ သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။
သေသပ်လှပသော ဒီဇိုင်း၊ အရောင်အသွေးများဖြင့် သင့်ရဲ့ကိုယ်ပိုင်စတိုင်ကို ဖော်ထုတ်လိုက်ပါ
မြန်မာနိုင်ငံတွင် Galaxy A80 အား ဇူလိုင်လ ၂၂ ရက်မှ စတင်၍ ၉၉၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အရောင်အားဖြင့် ရွှေရောင် (Angel Gold)၊ အဖြူရောင် (Ghost White) နှင့် အမဲရောင် (Phantom Black) စသည့် အရောင် ၃ မျိုး ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။
Galaxy A80 စမတ်ဖုန်းအား ကြိုတင်ဝယ်ယူလိုသူများအနေဖြင့် ဇွန် ၂၂ ရက် မှ ဇူလိုင် ၁၄ ရက်အတွင်း နီးစပ်ရာ Samsung အရောင်းဆိုင်ကြီးများနှင့် အရောင်းကိုယ်စားလှယ်ဆိုင်များတွင် စရန်ငွေ ၅၀,၀၀၀ ကျပ်ပေးသွင်း၍ မှာယူနိုင်မည်ဖြစ်သည်။ ကြိုတင်မှာယူသူများသည် အထူးအခွင့်အရေးအနေဖြင့် ငွေကျပ် ၁၁၅,၀၀၀ တန်ဖိုးရှိ Galaxy Fit e နှင့် BLACKPINK strap ဖုန်းကာဗာ (Limited edition) တို့ကို အထူးလက်ဆောင်အဖြစ် ရရှိနိုင်မည်ဖြစ်သည်။
ထို့အပြင် Samsung Myanmar သည် Mytel နှင့်ပူးပေါင်းထားသောကြောင့် Galaxy A80 ဝယ်ယူသူများအနေဖြင့် အထူးလက်ဆောင်အဖြစ် အခမဲ့ ဒေတာအသုံးပြုမှု 3GB နှင့် Mytel ဖုန်းအချင်းချင်းခေါ်ဆိုမှု မိနစ်ပေါင်း ၃၀၀ အား ၆လ ဆက်တိုက် လစဉ်ရရှိနိုင်မည်ဖြစ်ပြီး ဖုန်းအရှေ့မှန်ကွဲ၍ ပြန်လဲသည့်အခါ ၄၀ ရာခိုင်နှုန်းအထိ သက်သာသည့် ခံစားခွင့်အားရရှိနိုင်မည့် no worry crack အစီအစဉ်ကိုလည်း ခံစားခွင့်ရမည်ဖြစ်သည်။ အဆိုပါခံစားခွင့်သည် ၂၀၁၉ ခုနှစ်အတွင်း စတင်ဝယ်ယူပြီးချိန်မှ ၃လ အတွင်း အကျုံးဝင်မည်ဖြစ်သည်။
###
Samsung Galaxy A80 Product Specifications
Galaxy A80 | ||
Display | 6.7-inch FHD+ (1080×2400) Super AMOLED,
New Infinity Display
* Screen measured diagonally as a full rectangle without accounting for the rounded corners |
|
Camera | Front/ Rear | Main: 48MP, F2.0
Ultra Wide: 8MP, F2.2 (123°) 3D Depth
Rotating Camera |
Body | 165.2 x 76.5 x 9.3 mm | |
AP | Octa Core (2.2GHz Dual + 1.8GHz Hexa) | |
Memory | 8 GB RAM
128 GB Internal Storage |
|
Micro SD | Not Supported | |
Battery | 3,700mAh (typical)
25W Super Fast Charging * Typical value tested under third-party lab condition. Rated (minimum) capacity is less. For more information, please visit www.samsung.com |
|
OS | Android 9.0 (Pie) | |
Biometric Authentications | On-Screen Fingerprint | |
Color | Phantom Black, Angel Gold, Ghost White | |
Design | 3D Glass + Metal Frame | |
Samsung Electronics Co., Ltd. အကြောင်း
Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက်ရှိသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန်နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် http://news.samsung.com သို့မဟုတ် http://www.samsung.com/mm/ တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။