အဝလွန်မော်ဒယ်ပါဝင်နေတဲ့ကြော်ငြာကို ဖယ်ရှားပစ်မိလို့ Facebook တောင်းပန်

Facebook ဟာ အဝလွန်မော်ဒယ်တစ်ဦးဖြစ်တဲ့ Tess Holliday ရဲ့ ဘီကီနီဝတ်ထားတဲ့ ကြော်ငြာဓာတ်ပုံကို “ကျန်းမာရေးနဲ့ ကိုယ်ကာယကြံ့ခိုင်မှု” ကြောငြာစည်းမျဉ်းနဲ့ မကိုက်ညီလို့ ကြော်ငြာအဖြစ်လက်ခံ ပေးဖို့ ငြင်းဆန်ခဲ့မိလို့ တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ လူမှုကွန်ယက်အနေနဲ့ သူတို့ဟာ အမှားပြုလုပ်မိတာဖြစ်ပြီး ယခုအခါမှာတော့ ဓာတ်ပုံကို လက်ခံလိုက်ပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

သြစတြေးလျလူမျိုး အမျိုးသမီးအခွင်းအရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Cherchez La Famme ကတော့ သူတို့ရဲ့ ပွဲတစ်ခုအတွက် ကြော်ငြာတင်ဖို့ Facebook က ငြင်းခဲ့တာ ကိုဒေါပွနေတာလည်း ဖြစ်ပါတယ်။ ကြော်ငြာကို တင်လိုက်ရာမှာ Facebook က “ဓာတ်ပုံထဲကခန္ဓာကိုယ်ဟာ အပေအတေတစ်ယောက်ရဲ့ အပြုအမူတွေပါဝင်နေတယ်” လို့ပြောကြားခဲ့တာပါ။

tess holliday1

Page ကတော့ အဖျက်မခံရပေမယ့် ကြော်ငြာကို Promote လုပ်ဖို့အတွက် ခွင့်ပြုမခံရတာ ဖြစ်ပါတယ်။ “ကြော်ငြာဟာ ကြည့်ရှုသူတွေကို ကြည့်ရဆိုးစေတယ်” လို့ Facebook ကပြောကြားခဲ့တာကို Screenshots လုပ်ပြီး သူတို့စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။

“ကျွန်တော်တို့အဖွဲ့တွေဟာ တစ်ပတ်တစ်ပတ်ကို ကြော်ငြာပုံပေါင်းသန်းနဲ့ချီပြီးတော့ အလုပ်လုပ်နေရတာဖြစ်ပါတယ်။ ဒါကြောင့် မတော်တဆအမှားတွေကိုလည်း ပြုလုပ်မိတတ်ပါတယ်” လို့ Facebook ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်။

“ဒီပုံဟာ ကျွန်တော်တို့ရဲ့ကြော်ငြာစည်းမျဉ်းတွေနဲ့ကိုက်ညီမှုရှိပါတယ်။ အခုကျွန်တော်တို့ဟာ ဒီပုံကိုခွင့်ပြုပေးလိုက်ပြီဖြစ်ပြီး ဒီကိစ္စမှာဖြစ်ပျက်ခဲ့သမျှတွေကို တောင်းပန်လိုပါတယ်” လို့ဆက်လက်ပြောကြားခဲ့တာပါ။

Ref: BBC, Guardian

 

%d bloggers like this: