ဓါတ်ပုံများမှ အမျိုးသမီးများရဲ့ အဝတ်အစားများကို ချွတ်ပေးမယ့် App ကို ပိတ်လိုက်ပြီ

AI ကို အသုံးပြုထားတဲ့ ထူးခြားဆန်းသစ်တဲ့ App တစ်ခု ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ထွက်ပေါ်လာပါတယ်။ အဲဒီ App က ဓါတ်ပုံများမှ အမျိုးသမီးများရဲ့ အဝတ်အစားများကို ဖျောက်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ App ဟာ အွန်လိုင်းမှာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပါတယ်။ App ရဲ့ အမည်က DeepNude ဖြစ်ပါတယ်။ အခုတော့ သူ့ကို ဖန်တီးထားသူက App ကို ပိတ်သိမ်းလိုက်ပါပြီ။

App က AI ကို သုံး၍ အမျိုးသမီးရဲ့ ခန္တာကိုယ် အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာပြီး သူ့ရဲ့ အတွင်း ပစ္စည်းများကို ပုံဖော်ပေးတာ ဖြစ်ပါတယ်။ တကယ့်ကို အစစ်နဲ့ တူညီအောင် ပုံဖော်ပေးနိုင်ပါတယ်။ ဖန်တီးသူက ကမ္ဘာကြီးဟာ အဲဒီ App အတွက် အဆင်သင့် မဖြစ်သေးဘူးလို့ အကြောင်းပြပြီး ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

အဲဒီ App ကို အခမဲ့ ဒေါင်းလုပ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Watermark မပါချင်ဘဲ ဓါတ်ပုံကို သိမ်းထားချင်ရင် ဒေါ်လာ ၅၀ ပေးရမှာ ဖြစ်ပါတယ်။ သူက Offline အလုပ်လုပ်ပါတယ်။ ဖိုင်အရွယ်အစားမှာ 155MB ရှိပြီး သူ့ရဲ့ Libraries များအတွက် 2.1GB File များကို ထပ်မံ ဒေါင်းလုပ်လုပ်ရမှာ ဖြစ်ပါတယ်။

ဖန်တီးသူက “ လူတွေက သူ့ကို မှားယွင်းစွာ အသုံးပြုကြဖို့ များပါတယ်။ ဒီလိုနည်းနဲ့ ပိုက်ဆံ မရှာချင်ပါဘူး။ “ လို့ ပြောပါတယ်။ App ဝယ်ယူထားသူများကို ငွေပြန်အမ်းပေးမှာ ဖြစ်ပါတယ်။ ဖန်တီးသူက သူ့ကို ကော်ပီ ရထားသူများအား အခြား လူများနဲ့ မမျှဝေဖို့ တောင်းဆိုထားပါတယ်။ ဖန်တီးသူက App ကို ပိတ်ပင်ထားပေမယ့် လက်ဝယ်ပိုင်ဆိုင်ထားသူများကတော့ အသုံးပြုလို့ ရနေပါသေးတယ်။

Ref : bbc

ဓါတ်ပုံများမှ အမျိုးသမီးများရဲ့ အဝတ်အစားများကို ချွတ်ပေးမယ့် App ကို ပိတ်လိုက်ပြီ

%d bloggers like this: