Skydio R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်ပြီ

Skydio က သူ့ရဲ့ R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ Skydio R1 ဟာ လူတွေက မထိန်းချုပ်ရင်တောင် အလိုအလျှောက် ပျံသန်းပြီး ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းလို အလုပ်များကို ပြုလုပ်နိုင်ပါတယ်။ သူ့ကို အလိုအလျှောက် ပျံသန်းတဲ့ ကင်မရာ အဖြစ် တင်စားကြပါတယ်။ သူက သစ်ပင်လို အတားအဆီးများကို ရှောင်သွားနိုင်ပါတယ်။ လူ သို့မဟုတ် အရာဝတ္ထု တစ်ခု အနောက်ကို အလိုအလျှောက် လိုက်ပါပြီး အရည်အသွေးမြင့် ဗီဒီယိုများ ဖမ်းယူပေးပါတယ်။

အခုတော့ သူ့ကို Apple Watch ကနေ ထိန်းချုပ်နိုင်ပါပြီ။ စမတ်နာရီကနေ သူ့ကို စတင် ပျံသန်းခြင်း၊ ပိုင်ရှင်ထံ ပြန်လာဖို့ ခေါ်ခြင်း၊ ဗီဒီယို ဆက်တင်များကို ပြောင်းလဲခြင်းနဲ့ Digital Crown ကနေ ဒရုန်းကို လှည့်ပတ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

အဲဒီ အထဲမှ အကောင်းဆုံး လုပ်ဆောင်ချက်က Apple Watch ကနေ လူတစ်ဦးကို ရွေးချယ်ပေးလိုက်တာနဲ့ ဒရုန်းက သူ့နောက်ကို အလိုအလျှောက် လိုက်ပြီး ဗီဒီယိုများ ရိုက်ကူးပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒရုန်းက သူ အာရုံခံ မိတဲ့ လူများရဲ့ ပုံများကို စမတ်နာရီသို့ ပေးပို့ပေးပါတယ်။ အဲဒီ ပုံကို နှိပ်ခြင်းဖြင့်လည်း ဒရုန်းက သူ့ အနောက်ကိုလိုက်၍ ဗီဒီယို ရိုက်ကူးပေးပါတယ်။

Skydio ရဲ့ ထုတ်ကုန် ဈေးကွက် မန်နေဂျာ ဖြစ်သူ Kyle Russell က “ ဒီ ဒရုန်းကို သုံးရတာ အရမ်း ပျော်ဖို့ ကောင်းပါတယ်။ Apple Watch App ကိုလည်း စမ်းသပ်နေပါတယ်။ “ လို့ ပြောပါတယ်။ Skydio က Apple Store များမှာ ဒရုန်းကို စတင် ရောင်းချပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

Ref : tnw

Skydio R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်ပြီ

%d bloggers like this: