Galaxy Note 6 မှာ ပါဝင်လာဖွယ်ရှိတဲ့ 10 nm 6GB RAM ကို Samsung မိတ်ဆက်ပြသ

RAM 4GB ပါတဲ့ စမတ်ဖုန်းဆိုတာ အခုခေတ်မှာ သိပ်မဆန်းတော့ဘဲ၊ အခုဆို RAM 6GB အထိပါတဲ့ LeEco Le Max 2 ဖုန်းတောင် ထွက်နေပါပြီ။ နောက်ထပ်မကြာခင်မှာ Samsung ရဲ့ RAM 6GB ပါ ဖုန်းတစ်လုံးကို ထပ်မံမြင်တွေ့ရဖို့ ရှိနေပါတယ်။

Samsung ဟာ ယခုတစ်ပတ်အစောပိုင်းတုန်းက တရုတ်နိုင်ငံမှာ ပြုလုပ်သွားခဲ့တဲ့ Samsung Mobile Solutions Forum 2016 ပွဲမှာ 10nm ချစ်ပ်ထုတ်လုပ်ရေးနည်းစနစ်နဲ့ ထုတ်လုပ်ထားတဲ့ 10 နာနိုမီတာ၊ LPDDR4 6GB မမ်မိုရီချစ်ပ်အသစ်တစ်ခုကို မိတ်ဆက်ပြသသွားခဲ့ပါတယ်။

Samsung-unveils-10nm-6GB-LPDDR4-DRAM

Samsung ဟာ နည်းပညာအသစ်တွေကို Galaxy Note စီးရီးမှာ အရင်မိတ်ဆက်လေ့ရှိတာကြောင့်၊ ယခု 6GB မမ်မိုရီချစ်ပ်ကို အသစ်ထွက်မယ့် Galaxy Note 6 စမတ်ဖုန်းမှာ တွေ့မြင်နိုင်ခြေရှိနေပါတယ်။

အရင်ရရှိထားတဲ့သတင်းတွေအရ Galaxy Note 6 ဖုန်းဟာ RAM 6GB အပြင်၊ မျက်နှာပြင်အကျယ် ၅.၈ လက်မနဲ့ 4000mAh ဘက်ထရီပါဝင်မယ်လို့လည်း သိရပါတယ်။ ဒီ့အပြင် Samsung စမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ USB Type-C အပေါက်ပါ ပါဝင်လာမယ်လို့လည်း ဆိုပါတယ်။

Galaxy Note 6 ဖုန်းဟာ သြဂတ်စ်လလယ်လောက်မှာ ထွက်ရှိမယ်လို့ သိရတာကြောင့်၊ RAM 6GB ပါလားမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Ref: Tech Radar

 

 

 

%d bloggers like this: