Under-display Fingerprint ပါမယ့် တန်ဖိုးနည်း LCD Panels များ ဒီနှစ်မှာ ထွက်မည်

မျက်နှာပြင်အောက် လက်ဗွေရာ နည်းပညာက လန်းပါတယ်။ ဒါပေမယ့် OLED Panels ပါတဲ့ တန်ဖိုးကြီး ဖုန်းများမှာပဲ ဒီနည်းပညာ ထည့်သွင်းထားကြပါတယ်။ ဈေးကွက် ကျွမ်းကျင်သူများက ဒီနည်းပညာဟာ သက်တမ်းရင့်လာပြီ ဖြစ်ပြီး တန်ဖိုးနည်း LCD Panel များမှာလည်း ထည့်သွင်းလာနိုင်မယ်လို့ တွက်ဆထားကြပါတယ်။ တရုတ် Display ထုတ်လုပ်သူ BOE က Under-display Fingerprint ပါမယ့် တန်ဖိုးနည်း LCD Panels များကို ဖန်တီးနေပါတယ်။

BOE က LCD Panel မှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို အောင်မြင်စွာ ထည့်သွင်းနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ LCD Panels ရဲ့ သဘာ၀ အရ သူ့ရဲ့ အောက်မှာ လက်ဗွေရာ ကိရိယာများကို ထည့်သွင်းခြင်း မပြုနိုင်ပါဘူး။ အခုတော့ BOE က အောင်မြင်စွာ ဖန်တီးလိုက်နိုင်တဲ့ အတွက် အလွန်ကို အံ့အားသင့်စရာ ဖြစ်ပါတယ်။ ဒီနည်းပညာကို တန်ဖိုးနည်းနဲ့ တန်ဖိုးသင့် စမတ်ဖုန်းများမှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

ဈေးကွက် သုတေသန စစ်တမ်းများအရ ၂၀၁၈ ခုနှစ်မှာ LCD Panels တပ်ဆင်ထားတဲ့ စမတ်ဖုန်းပေါင်း ၁၄၅၆ ဘီလီယမ် ရောင်းချထားနိုင်ပြီး ၈၅ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။ ဒါပေမယ့် Trend က OLED Panel ဘက်ကို ပြောင်းလဲနေပါတယ်။ လုံး၀ ပြောင်းလဲသွားဖို့က အချိန်ကြာဦးမှာ ဖြစ်ပါတယ်။

BOE က ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ Under-display Fingerprint Scanner များကို ထောက်ပံ့တဲ့ LCD Panels အမြောက်အများထုတ်လုပ်မယ်လို့ ပြောပါတယ်။ အဲဒီအတွက် ၂၀၂၀ ခုနှစ် အစောပိုင်းမှာ အဲဒီ နည်းပညာ ပါတဲ့ တန်ဖိုးနည်း စမတ်ဖုန်းများထွက်လာနိုင်ပါတယ်။

Ref : gsmarena

Under-display Fingerprint ပါမယ့် တန်ဖိုးနည်း LCD Panels များ ဒီနှစ်မှာ ထွက်မည်

%d bloggers like this: