Snapdragon 855 နဲ့ 5G ပါတဲ့ ZTE Nubia X ကို ကြေညာ

ZTE ရဲ့ ဘရန်းခွဲ Nubia က စွမ်းရည်မြင့် စမတ်ဖုန်း အသစ်ကို ကြေညာလိုက်ပါတယ်။ Mobile World Congress Shanghai 2019 မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။ တကယ်တော့ အသစ်တော့ မဟုတ်ပါဘူး။ ကြေညာထားပြီးသား Nubia X ရဲ့ 5G Version ဖြစ်ပါတယ်။ Nubia X 5G ရဲ့ Specs များဟာ Nubia X နဲ့ တူညီနိုင်ပါတယ်။ ဒါပေမယ့် Snapdragon 845 အစား 855 , X50 Modem များ ထည့်ထားပါတယ်။

Nubia X 5G ရဲ့ Specs စာရင်းတော့ မထွက်သေးပါဘူး။ အခြား Specs များက မူလမော်ဒယ်နဲ့ တူညီနိုင်ပါတယ်။ ဒါပေမယ့် 5G Phone ဖြစ်တဲ့အတွက် ဘက်ထရီ စားသုံးမှု ပိုမိုများပြားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဘက်ထရီ အပိုင်းမှာ တိုးတက်လာနိုင်ပါတယ်။ ဘက်ထရီ ပိုမိုကြီးလာတဲ့ အတွက် အထူကလည်းပိုမို တိုးတက်လာနိုင်ပါတယ်။

Nubia X 5G မှာ Nubia X မှာလို မျက်နှာပြင် နှစ်ခု ပါလာနိုင်ပါတယ်။ သူ့ရဲ့ ပင်မ မျက်နှာပြင်က ၆.၂၆ လက်မ LCD (2280×1080)p ဖြစ်ပြီး အနောက် မျက်နှာပြင်က 1520x720p OLED ဖြစ်ပါတယ်။ 16MP+2MP Dual Camera များ ပါလာမှာပါ။ ဘက်ထရီက 3800mAh Battery ပါ။

ZTE က Nubia X 5G ရဲ့ Full Specs များကို ကြေညာမယ့် နေ့ရက်ကို မပြောသေးပါဘူး။ တရုတ်မှာ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena, mobilecryptotech

Snapdragon 855 နဲ့ 5G ပါတဲ့ ZTE Nubia X ကို ကြေညာ

%d bloggers like this: