Vivo က သူ့ရဲ့ 120W နည်းပညာ အသစ်ဟာ ၁၃ မိနစ်အတွင်း ဖုန်းကို အားအပြည့်ဖြည့်ပေးနိုင်တယ်လို့ ပြော

Vivo က Mobile World Congress Shanghai မှာ ၁၃ မိနစ်အတွင်း ဖုန်းတစ်လုံးကို ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်တဲ့ အားသွင်းနည်းပညာ အသစ်ကို ပြသလိုက်တယ်လို့ ပြောပါတယ်။ ဒီနည်းပညာပါတဲ့ ဖုန်းဟာ 120W Charging ကို ထောက်ပံ့တယ်လို့ ကုမ္ပဏီကပြောပါတယ်။

အဲဒီ အားသွင်းနည်းပညာ အသစ်ကို Super FlashCharge 120W လို့ အမည်ပေးထားပြီး Vivo ရဲ့ Custom USB-C Cable နဲ့ Travel Charger ကို အသုံးပြုထားပါတယ်။ ကုမ္ပဏီက ဓါတ်ခွဲခန်းမှာ 4000mAh Battery နဲ့ ဒီနည်းပညာကို စမ်းသပ်ထားပြီး ၅ မိနစ်အတွင်းမှာ ၀ ကနေ ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။ နောက်ထပ် ၈ မိနစ်ဆက်ပြီး အားသွင်းလိုက်တာ ၁၀၀ ရာခိုင်နှုန်း အထိ သွင်းတာကို မြင်ရပါတယ်။

ဒီနည်းပညာက ယခင် ရှောင်မီရဲ့ စံချိန်ကို ချိုးသွားပါတယ်။ ရှောင်မီရဲ့ 100W Charger က ၁၇ မိနစ်အတွင်းမှာ 4000mAh Battery ကို အားအပြည့်သွင်းပေးနိုင်ပါတယ်။ ရှောင်မီက မကြာခင်မှာ အဲဒီ ဘက်ထရီ နည်းပညာ ပါတဲ့ စမတ်ဖုန်းများကို အမြောက်အများ ထုတ်လုပ်မယ်လို့ ကြေညာထားပါတယ်။ Vivo ရဲ့ ဒီနည်းပညာ ပါတဲ့ စမတ်ဖုန်းများကိုတော့ ဘယ်အချိန် ရောင်းချမလဲ ဆိုတာ မသိရသေးပါဘူး။

ရှောင်မီ မတိုင်ခင်မှာတော့ Huawei ရဲ့ ခေါက်ချိုး ဖုန်း ဖြစ်တဲ့ Mate X မှာ ပါတဲ့ 55W Charger ဟာ အမြန်ဆုံး ဖြစ်ခဲ့ပါတယ်။ ရှောင်မီက ဟွာဝေးထံကနေ အလျှင်မြန်ဆုံး အားသွင်း နည်းပညာ သရဖူကို လုယူခဲ့တာပါ။ အခုတော့ ရှောင်မီရဲ့ သရဖူကို Vivo က သိမ်းပိုက်သွားပါတယ်။

Ref : tnw

Vivo က သူ့ရဲ့ 120W နည်းပညာ အသစ်ဟာ ၁၃ မိနစ်အတွင်း ဖုန်းကို အားအပြည့်ဖြည့်ပေးနိုင်တယ်လို့ ပြော

%d bloggers like this: