ဘာကြောင့် two-factor authentication ဆိုတာ မြန်မာပြည်မှာ စိတ်အချရဆုံး မိုဘိုင်းငွေလွှဲစနစ် ဖြစ်နေရတာလဲ

မြန်မာပြည်က လူအများစုက ကိုယ်ပိုင်ဘဏ်အကောင့်ပိုင်ဆိုင်မှုထက် မိုဘိုင်းဖုန်းပိုင်ဆိုင်မှု က ပိုများနေတယ်လို့ ယူဆလို့ရပါတယ်။ ဒါကြောင့်ပဲ လူတော်တော်များများက ငွေလွှဲခြင်းအပါအဝင် ဘဏ် နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုရာမှာ မိုဘိုင်းဖုန်းတွေအပေါ် ပိုပိုပြီးမှီခိုလာကြပါတယ်။ မိုဘိုင်းငွေလွှဲဝန်ဆောင်မှုဆိုတာ သင့်ရဲ့မိသားစု ၊ သူငယ်ချင်း နဲ့ သင်ချစ်ခင်ရတဲ့သူတွေကို မိုဘိုင်းဖုန်း မှ တစ်ဆင့် ငွေလွှဲလို့ရတဲ့ ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။

မိုဘိုင်းငွေလွှဲဝန်ဆောင်မှုတွေကို လူအများအသုံးပြုမှု နေ့စဉ်များပြားလာတာနဲ့အမျှ လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်ရေးဆိုတာကလည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုကနေ ပါဝင်လာပြီး တော်တော်များများသော အသုံုးပြုသူတွေက ငွေလွှဲအယောင်ဆောင်များမှုများ ၊ လိမ်လည်မှုများရဲ့ ရန်ကနေ ကာကွယ်နိုင်ခြင်းမရှိလာတာကို တွေ့ရပါတယ်။ မိုဘိုင်းငွေကြေးနဲ့ပတ်သက်တဲ့ လုံခြုံရေး ပြဿနာတွေကတော့ အမျိုးမျိုးကွဲပြားနိုင်ပေမဲ့လည်း မြန်မာပြည်သူတွေ အများဆုံး တွေ့ကြုံခံစားနေရလေ့ရှိတဲ့ အဓိကပြဿနာကတော့ authentication procedure လို့ခေါ်တဲ့ စစ်မှန်ကြောင်းသက်သေပြတဲ့ လုပ်ငန်းစဉ် အဆင့်မှာပဲဖြစ်ပါတယ်။

ဒီလိုမျိုး ပြဿနာတွေအဖြစ်များလာနဲ့အမျှ လုံခြုံစွာငွေလွှဲနိုင်ရေးကလည်း အဓိကကျတဲ့ အချက်တစ်ခုဖြစ်လာပါတယ်။ one factor authentication လုပ်ဆောင်ချက်သာ ထောက်ပံ့ပေးတဲ့ မိုဘိုင်းငွေလွှဲဝန်ဆောင်မှုများကို အသုံးပြုခြင်းက အပြည့်အဝ လုံခြုံမှုမရှိတော့တာကြောင့် two-factor authentication လုပ်ဆောင်ချက်နဲ့ ငွေလွှဲခြင်းသည်သာလျှင် လုံခြုံစိတ်အချရဆုံး မိုဘိုင်းငွေလွှဲစနစ်ဖြစ်ပါတယ်။

ဒါဆို ဒီ two-factor authentication feature ဆိုတာကဘာကြီးလဲ? Two-factor authentication ဆိုတာက လုပ်ဆောင်ချက်အပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ မိုဘိုင်းငွေလွှဲဝန်ဆောင်မှုမှာဆိုရင်တော့ two-factor authentication လုပ်ဆောင်ချက်ဆိုတာက

၁)       ငွေလွှဲမည့်သူ က သူ/သူမ ရဲ့ ဖုန်းနံပါတ် (ဒါမှမဟုတ်) မှတ်ပုံတင်နံပါတ် ကို  ကိုယ်စားလှယ် ကို ပေးလိုက်ပြီးတာနဲ့  အဲ့ဒီငွေလွှဲမည့်သူက လျို့ဝှက်ကုတ်နံပါတ်ပါတဲ့ စာတိုတစ်စောင် (SMS) ကို လက်ခံရရှိမှာဖြစ်ပါတယ်။

၂)       ငွေလွှဲမည့်သူ က အဲ့ဒီလျို့ဝှက်ကုတ်နံပါတ် ကို ငွေလက်ခံမယ့်လူထံ့ ကို  ပေးပို့ပေးရမှာဖြစ်ပါတယ်

၃)       တစ်ဖက်က ငွေလက်ခံမည့်လူကလည်း သူ/သူမ ရဲ့ ဖုန်းနံပါတ် နဲ့ အဲ့ဒီလျို့ဝှက်ကုတ်နံပါတ် ကို ကိုယ်စားလှယ် ကို ပေးရပါမယ်။

၄)       ကိုယ်စားလှယ် က သူပေးလိုက်တဲ့ အချက်အလက်တွေကို ထည့်သွင်းပြီး အချက်အလက်အားလုံးမှန်ကန်ပါက ငွေလက်ခံမည့်လူ က တစ်ခါသုံးလျို့ဝှက်နံပါတ် ပါတဲ့ စာတိုတစ်စောင် လက်ခံရရှိပါမယ်။

၅)       ငွေလက်ခံမည့်လူ က ကိုယ်စားလှယ် ကို တစ်ခါသုံးလျို့ဝှက်နံပါတ် ကိုပြောပြပြီး လျို့ဝှက်နံပါတ် မှန်ကန်ပါက ပေးပို့သောငွေကို လက်ခံရရှိနိုင်မှာပဲဖြစ်ပါတယ်။

ဒါဆိုရင် two-factor authentication လုပ်ဆောင်ချက် ကို အသုံးပြုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရလာမှာလဲ။ ပထမဆုံး ပိုကောင်းသွားတဲ့အချက် ဆိုရင်တော့ လုံခြုံရေးအဆင့် ပိုမြင့်လာတာပါ။  ငွေလွှဲမယ့်သူတွေက လျို့ဝှက်ကုတ်နံပါတ်ကို သတ်မှတ်တာမဟုတ်ပဲ ပင်မစနစ် (system) က ထုတ်လွှတ်ပေးလို့ပဲ ဖြစ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ OTP လို့ခေါ်တဲ့ တစ်ခါသုံးလျို့ဝှက်နံပါတ် ကိုလည်း ပင်မစနစ် ကနေပို့ပေးမှာဖြစ်တဲ့အတွက် လိမ်လည်မယ့်သူ မသမာသူတွေ အနေနဲ့ ပထမလျို့ဝှက်ကုတ်နံပါတ်ကို သိနေခဲ့ရင်တောင် နောက်တစ်ဆင့်လျို့ဝှက်နံပါတ်ကို သိမှသာ ငွေလက်ခံသူ စစ်မှန်ပါတယ်ဆိုတာကို အတည်ပြုနိုုင်မှာဖြစ်ပါတယ်။ အဆင့်မြှင့်ထားတဲ့ လုံခြုံရေးစနစ် ပါဝင်တဲ့အတွက် ငွေလွှဲမယ့်သူက လွယ်လွယ်ကူကူ နဲ့ ငွေလွှဲနိုင်ပြီး two-factor authentication လုပ်ဆောင်ချက်ပါဝင်တဲ့အတွက် ငွေကြေးဆုံးရှုံးရမှုတွေ အခိုးခံရမှုတွေကို ပူပင်သောက  ရောက်နေဖို့မလိုတော့ပါဘူး။

Mytel ရဲ့နောက်ဆုံးတီထွင်မှုဖြစ်တဲ့ MytelPay ဟာ မြန်မာနိုင်ငံ ရဲ့ တစ်ခုတည်းသော two-factor authentication လုပ်ဆောင်ချက်ပါဝင်တဲ့ မိုဘိုင်းငွေလွှဲဝန်ဆောင်မှု တစ်ခုပဲဖြစ်ပါတယ်။ ဘဏ်အဆင့်မီ two-factor authentication စနစ်လို့ ဆိုရခြင်းမှာ ပင်မစနစ် မှ ထုတ်လွှတ်ပေးလိုက်တဲ့ လျို့ဝှက်ကုတ်နဲ့ တစ်ခါသုံးလျို့ဝှက်နံပါတ် များကို ခိုးယူဖို့ ခက်ခဲလှတာကြောင့် လွှဲပေးလိုက်တဲ့ ငွေပမာဏ နဲ့ ပတ်သက်ပြီး ဆုံးရှုံးမှုများမရှိရအောင် အာမခံပေးနိုင်တာကြောင့်ပဲဖြစ်ပါတယ်။

လုံခြုံစိတ်အချရဆုံး နဲ့ အဆင်ပြေအလွယ်ကူ မိုဘိုင်းငွေလွှဲဝန်ဆောင်မှုအဖြစ်ရပ်တည်လျက်ရှိတဲ့ Mytelpay ဟာ များပြားလှတဲ့ ငွေလွှဲလုပ်ငန်းများအတွက် လုံခြုံဘေးကင်းတဲ့ နည်းလမ်းများနဲ့ ငွေလွှဲနိုင်တော့မှာဖြစ်တဲ့အတွက် သုံးစွဲသူများအားလုံး ရဲ့ စိတ်ကိုကိုင်လှုပ်နိုင်  တော့မှာပဲဖြစ်ပါတယ်။

ကိုယ်စားလှယ်ပေါင်း ၂၀၀၀၀ ကျော် ကလည်း MytelPay သုံးစွဲသူများကို ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပြီး ဝန်ဆောင်မှုပေးနိုင်မယ့် ဆိုင်အရေအတွက်များမှာလည်း တိုးပွားလာနေပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် MytelPay ငွေလွှဲဝန်ဆောင်မှုကို ဘယ်မိုဘိုင်းကွန်ရက်မျိုးမှာမဆို ပေးပို့သူနှင့် လက်ခံရရှိသူ မည်သူမဆို အသုံးပြုနိုင်မှာဖြစ်ပြီး ဘဏ်ပိတ်ရက်များနဲ့ စနေ၊ တနင်္ဂနွေ ပိတ်ရက်များမှာလည်း အသုံးပြုလို့ရမှာဖြစ်ပါတယ်။

သုံးစွဲသူများအားလုံးကလည်း အော်ပရေတာအမျိုးအစားများ အားလုံးအတွက် ဖုန်းဘေလ်ဖြည့်နိုင်ခြင်းများ ၊ QR Code နဲ့ ငွေပေးချေခြင်းများ စတဲ့ လုပ်ငန်းများကိုလည်း လုပ်ဆောင်လာနိုင်တော့မှာဖြစ်ပါတယ်။ MytelPay ဝန်ဆောင်မှုကို အသုံးပြုပြီး ဘဏ်အကောင့်မရှိသူတစ်ယောက် က  ဘဏ်အကောင့်မရှိသူတစ်ယောက် ဆီကို ငွေလွှဲတစ်ကြိမ်ပြုလုပ်တိုင်း ကံစမ်းမဲကုတ် တစ်ခုရရှိမှာဖြစ်ပြီး အဲ့ဒီ ကံစမ်းမဲကုတ်နဲ့ Mytel ရဲ့ ဝန်ဆောင်မှု တစ်နှစ်ပြည့်မြောက်တဲ့ အထိမ်းအမှတ် ကံစမ်းမဲအစီအစဉ်မှာ ပါဝင်ခွင့်ရမှာပဲဖြစ်ပါတယ်။

အသေးစိတ်သိချင်ရင်တော့ MytelPay Facebook Page https://www.facebook.com/MytelPayOfficial/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

#Mytelmyanmar

%d bloggers like this: