Feather White အရောင်ထွက်လာတဲ့ Vivo iQOO

Vivo iQOO Gaming Phone အတွက် Feather White အရောင် ထွက်လာပါတယ်။ 8/128GB ကို ၄၃၅ ဒေါ်လာ၊ 8/256GB ကို ၄၉၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Vivo ရဲ့ တရားဝင် အွန်လိုင်း ဝက်ဘ်ဆိုက်ကနေ ဝယ်ယူနိုင်ပါပြီ။ အရောင်ကလွဲပြီး သူ့ရဲ့ Specs များက မူလ မော်ဒယ်များနဲ့ တူညီပါတယ်။ သူ့ရဲ့ Specs များကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

သူ့မှာ Snapdragon 855 ၊ ကင်မရာ သုံးလုံးနဲ့ 44W Fast-charging များ ပါလာပါတယ်။ သူ့ရဲ့ Slogan က “ Monster Inside” ဖြစ်ပါတယ်။ ၆.၄၁ လက်မ OLED Screen ထည့်သွင်းထားပါတယ်။ Waterdrop Notch နဲ့ UD Fingerprint Scanner များ ပါပါတယ်။ 44W Fast-charging က ၁၅ မိနစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။ ၄၅ မိနစ်မှာ အားအပြည့် ဖြည့်ပေးပါတယ်။ ဘက်ထရီက 4000mAh ဖြစ်ပါတယ်။

သူဟာ ဂိမ်း အထူးပြု ဖုန်း ဖြစ်ပြီး အပူထုတ်လုပ်မှုကို လျှော့ချပေးတဲ့ Super Liquid Cooling ပါပါတယ်။ AI Turbo , Center Turbo , Net Turbo , Cooling Turbo , Game Turbo လို စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတဲ့ လုပ်ဆောင်ချက်များစွာ ပါပါတယ်။ သူတို့က စွမ်းဆောင်ရည်ကို ၃၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပါတယ်။

အလန်းစား ဓါတ်ပုံများ ရိုက်ကူးချင်သူများအတွက်လည်း သူက သင့်တော်ပါတယ်။ အနောက်ဘက်မှာ 13MP Wide-angle Lens , 12MP Main Camera နဲ့ Dual-pixel နည်းပညာပါတဲ့ 2MP Depth Sensor များ ပါတယ်လို့ သိရပါတယ်။ မူလက Electric Blue နဲ့ Lava Orange အရောင်များ ထုတ်လုပ်ထားပါတယ်။

Ref :gsmarena

Feather White အရောင်ထွက်လာတဲ့ Vivo iQOO

%d bloggers like this: