အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ

အမေရိကန် အစားအစာနဲ့ ဆေးဝါး ကွပ်ကဲမှုဌာနက ပြီးခဲ့တဲ့ သောကြာနေ့မှာ အမျိုးသမီးများရဲ့ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးတဲ့ ဆေးဝါး အသစ်တစ်ခုကို ခွင့်ပြုလိုက်ပါတယ်။ ဆေးရဲ့ အမည်က Vyleesi ဖြစ်ပြီး Bremelanotide လို့လည်း သိကြပါတယ်။ လိင်စိတ်ဆန္ဒ နည်းပါးနေတဲ့ အမျိုးသမီးများကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

“ အမျိုးသမီးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် လိင်စိတ်ဆန္ဒ နည်းပါးသွားကြပြီး စိတ်အားငယ်နေတတ်ကြပါတယ်။ အဲဒီလို ဝေဒနာမျိုးကို ကုစားပေးဖို့ အရင်က ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးကြရပါတယ်။ အခုတော့ နောက်ထပ် နည်းလမ်းတစ်ခု ထွက်ပေါ်လာပါပြီ။ FDA က အမျိုးသမီးများရဲ့ ကျန်းမာရေးကိုလည်း ကာကွယ်စောင့်ရှောက်ဖို့ ကတိပြုထားတဲ့ အတွက် အခုလို အမျိုးသမီးများရဲ့ လိင်စိတ်ဆန္ဒ မူမမှန် ဖြစ်နေခြင်းကို ကုစားပေးမယ့် ဆေးဝါးများကို ဆက်လက် ထောက်ပံ့ပေးနေမှာ ဖြစ်ပါတယ်။ “ လို့ FDA Center for Drug Evaluation and Research’s Division of Bone, Reproductive and Urologic Products မှ ဒါရိုက်တာ Hylton Joffe က ပြောပါတယ်။

အဲဒီ ဆေးကို ထုတ်လုပ်တဲ့ AMAG Pharmaceuticals Inc မှ ဆေးဝါးဆိုင်ရာ အရာရှိ ဖြစ်သူ Julie Krop က “ ဆေးကို လိင်ဆက်ဆံမှု မပြုခင် ၄၅ မိနစ်လောက် ကြိုသောက်ဖို့ အကြံပေးပါတယ်။ ဒီဆေးဟာ လိင်စိတ်ဆန္ဒကို တိုးမြှင့်ပေးဖို့သာ မဟုတ်ပါဘူး။ အမျိုးသမီးများရဲ့ လူမှု ပေါင်းသင်းဆက်ဆံမှုနဲ့ ဘ၀ အရည်အသွေးကို အကျိုးသက်ရောက်စေပါတယ်။ အဲဒီ အမျိုးသမီးများဟာ တကယ်ကို သနားစရာ ကောင်းပါတယ်။ “ လို့ ပြောပါတယ်။

အဲဒီဆေးဟာ Hypoactive Sexual Desire Disorder or HSDD လို့ ခေါ်တဲ့ ရောဂါကို ကုသဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီ ရောဂါဟာ တကယ့်ကို အရေးကြီးတဲ့ ရောဂါ အဖြစ် ဆေးပညာ အသိုင်းအဝိုင်းက ယုံကြည်ထားကြပါတယ်။

Ref : sciencealert

အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ

%d bloggers like this: