Gaming Smartphone ဖန်တီးနေတဲ့ Samsung

ဆမ်ဆောင်းက Gaming Phone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီ သတင်းဟာ မတူညီတဲ့ အခြား တစ်နေရာက ထွက်ပေါ်လာပါတယ်။ Ice Universe က ဝီဘိုမှာ ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပါတယ်။ ဆမ်ဆောင်းက အဲဒီ စမတ်ဖုန်းကို ဖန်တီးနေဆဲ ဖြစ်တယ်လို့ ဆိုပြီး သူ့မှာ Samsung GPU Graphic Processing Unit ထည့်သွင်းထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ Samsung ဟာ သူ့ကိုယ်ပိုင် Exynos Chipset များကို ဖန်တီးနေပါတယ်။ ဒါပေမယ့် သူတို့မှာ ARM GPU များကို အသုံးပြုထားကြပါတယ်။ အဲဒီအတွက် ယခု Gaming Phone မှာ ဆမ်ဆောင်းက သူ့ကိုယ်ပိုင် GPU များကို ပထမဆုံး စမ်းသပ်မှာ ဖြစ်ပါတယ်။

ခွဲခြမ်းစိတ်ဖြာသူ တစ်ဦးက Samsung ရဲ့ GPU ဟာ Apple ကို ယှဉ်နိုင်မယ်လို့ ပြောထားတဲ့ အတွက် ဒါဟာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်လို့ SamMobile က ပြောပါတယ်။ လက်ရှိမှာ Apple ရဲ့ စမတ်ဖုန်းများဟာ Benchmark များမှာ Samsung ထက် သာလွန်နေပါတယ်။

Gaming Phone မှာ စွမ်းရည်ကို အဓိကထား ဖန်တီးထားကြတဲ့အတွက် သူ့မှာ GPU ကို သုံးခြင်းဟာ အလွန် သဘာ၀ ကျပါတယ်။ အဲဒီ စမတ်ဖုန်းများဟာ စွမ်းအင် အရင်းအမြစ်ကို များစွာ စားသုံးတဲ့ ဂိမ်းများကို ကစားဖို့ ဒီဇိုင်းထုတ်ထားကြပါတယ်။ Samsung ရဲ့ Gaming Phone နဲ့ ပတ်သက်တဲ့ အခြား သတင်းအချက်အလက်များကို မသိရသေးပါဘူး။

Ref : techradar

Gaming Smartphone ဖန်တီးနေတဲ့ Samsung

%d bloggers like this: