သင့် Android မှာ Storage များများထွက်လာအောင် ပြုလုပ်နည်းများ

သင့် Android Phone မှာ နေရာလွတ် မရှိတော့လို့ App များ အင်စတောလုပ်လို့ မရဘူးလို့ စာသားပေါ်လာရင် စိတ်ပျက်စရာပါ။ ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ မသုံးတဲ့ Apps များကို ရှင်းလင်းခြင်း၊ ဓါတ်ပုံများကို Cloud မှာ သိမ်းခြင်း၊ Cache များ ရှင်းလင်းခြင်း ၊ Offline Maps များကို ဖျက်ခြင်း စတဲ့ နည်းလမ်းများကို အသုံးပြုလို့ ရပါတယ်။

၁။ Cache များ ရှင်းလင်းပါ။

Settings ထဲမှ Apps or Manager Apps ထဲသွားပြီး တစ်ခုချင်းစီကို နှိပ်ကြည့်ရင် Cache ကဏ္ဍကို တွေ့နိုင်ပါတယ်။ Cache များဟာ အမှိုက်ဖိုင်တွေဖြစ်ပြီး စိတ်ချစွာ ရှင်းလင်းနိုုင်ပါတယ်။ Clear Cache Button ကို နှိပ်ပြီး ရှင်းလင်းနိုင်ပါတယ်။ App တစ်ခုချင်းစီအတွက် ရှင်းလင်းရတာ အလုပ်ရှုပ်ရင် Settings> Storage > Cache Data ကို နှိပ်ပြီး အိုကေကို နှိပ်ပေးရင် Apps အားလုံးရဲ့ Cache များကို ရှင်းပေးမှာပါ။

၂။ ဒေါင်းလုပ်ဖိုဒါကို ရှင်းပါ။

ပီစီမှာလိုပဲ Android မှာ ဒေါင်းလုပ်ဖိုဒါရှိပါတယ်။ Apps နဲ့ ဘရောက်စာများက ဒေါင်းလုပ်လုပ်တဲ့ အရာတွေကို အဲဒီမှာ သိမ်းထားပါတယ်။ အဲဒီဖိုဒါထဲမှာ သင်မလိုအပ်တော့တဲ့ အရာများစွာ ရှိနေနိုင်ပါတယ်။ App Drawer ကို နှိပ်ပြီး Download App or Downloader ထဲသွားပါ။ ထိပ်မှ Menu ကို နှိပ်ပါ။ ဖိုင်အရွယ်အစားအလိုက် Sort လုပ်ပါ။ ဒါဆိုရင် ဖိုင်အရွယ်အစားအကြီးမားဆုံး ဖိုင်များကို ထိပ်မှာ ပြသပေးထားမှာပါ။ မလိုအပ်တဲ့ ဖိုင်များကို ရှင်းပါ။

၃။ ဓါတ်ပုံများကို Cloud မှာ သိမ်းပါ။

Google Photos App ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်တစ်ခုမှာ သင့်ရဲ့ဖုန်းမှ ဓါတ်ပုံများကို Cloud မှာ သိမ်းပေးတာပါ။ သိမ်းပြီးတာနဲ့ ဖုန်းမှ အဲဒီဓါတ်ပုံများကို ဖျက်နိုင်ပါတယ်။ ပုံတွေကို အွန်လိုင်းမှာ သိမ်းထားတဲ့ အတွက် စိတ်ချလက်ချ ဖျက်နိုင်ပါတယ်။ Photos ရဲ့ Settings ထဲသွားပြီး Free up device storage ကို နှိပ်ပါ။

၄။ Google Map မှ Offline Areas များကို ဖျက်ပါ။

Google Maps မှာ Offline ဖြစ်နေရင်တောင် မြေပုံကြည့်နိုင်အောင်လို့ ဧရိယာများကို ဒေါင်းလုပ်လုပ်ခွင့်ပေးထားပါတယ်။ ဒါပေမယ့် သင့်ဖုန်းမှာ နေရာလွတ်နည်းပါးနေရင် ဖျက်သင့်ပါတယ်။ Offline Map တစ်ခုဟာ 1GB ကျော်လောက်ရှိတတ်ပါတယ်။ Google Maps ရဲ့ Menu ကနေ Offline areas ကို နှိပ်ရင် ဒေါင်းလုပ်လုပ်ထားတဲ့ မြေပုံတစ်ခုချင်းစီရဲ့ ဒေတာ ပမာဏကို သိနိုင်ပါတယ်။ မြေပုံကို တစ်ချက်နှိပ်ပြီး Delete ကို နှိပ်ပါ။

၅။ အသုံးနည်းတဲ့ Apps များကို ရှင်းပါ။

ဖုန်းမှာ နေရာလွတ် မရှိတော့ရင် အသုံးနည်းတဲ့ Apps များကို ဖျက်သင့်ပါတယ်။ Settings> Storage & USB> Apps ထဲသွားပါ။ အဲဒီမှာ အသုံးအနည်းဆုံး Apps များကို Sort လုပ်လို့ မရပေမယ့် ဖိုင်အရွယ်အစားအကြီးမားဆုံး Apps များကို Sort လုပ်နိုင်ပါတယ်။ ထိပ်မှ Menu ကို နှိပ်ပြီး Sort by size ကို ရွေးပါ။ အဲဒီကနေ သိပ်မသုံးတဲ့ App များကို ရှာဖွေပြီး ဖျက်ပါ။ အသုံးနည်းတဲ့ Apps များကို Sort လုပ်ပေးနိုင်တဲ့ Apps များကတော့ App Usage , App Tracker နဲ့ QualityTime တို့ ဖြစ်ပါတယ်။ အဲဒါတွေကို သုံးရင်တော့ အသုံးနည်းတဲ့ Apps များကို အပေါ်ကနေ အောက်သို့ အစဉ်လိုက် ပြသပေးမှာ ဖြစ်ပါတယ်။

Ref : pc world

သင့် Android မှာ Storage များများထွက်လာအောင် ပြုလုပ်နည်းများ

%d bloggers like this: