Vivo iQOO Neo ကို ဇူလိုင်လ ၂ ရက်မှာ ကြေညာမည်

Vivo က Snapdragon 845 ပါမယ့် iQOO Neo ကို ကြေညာတော့မယ်ဆိုတာ သိခဲ့ကြပါတယ်။ အခုတော့ သူ့ကို ဇူလိုင်လ ၂ ရက်နေ့မှာ ကြေညာမယ်လို့ သိရပါပြီ။ မိတ်ဆက်ပွဲကို တရုတ် ပြည်နယ် စီချွမ်ရဲ့ မြို့တော် ချန်ဒူးမှာ ပြုလုပ်မှာပါ။

သူဟာ Gaming Smartphone ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ရဲ့ စွမ်းရည်မြင့် ချစ်ပ်ကို ထည့်သွင်းထားပါတယ်။ ဈေးနှုန်းသက်သာပြီး စွမ်းရည်မြင့်မားစေဖို့ အတွက်ပါ။ ဟာ့ဒ်ဝဲ သာမက ဆော့ဖ်ဝဲကလည်း စွမ်းရည်မြင့်မားမယ်လို့ ထင်ရပါတယ်။ ဝီဘိုမှ ဗီဒီယိုတစ်ခုအရ iQOO Neo မှာ Zero-lag Touch Acceleration နည်းပညာ ပါလာမှာပါ။ အဲဒီအတွက် ဂိမ်းကစားချိန်မှာ Controller ကို ပွတ်ဆွဲလိုက်ရင် သင့် လက် အမြန်နှုန်းအတိုင်း လုပ်ဆောင်ပေးမှာပါ။ စကရင်ရဲ့ တုန့်ပြန်မှုက ဖလမ်းဖလမ်းထနေတာကို ဆိုလိုပါတယ်။

အခြား Snapdragon 845 Smartphone များထက် Vivo iQOO Neo ရဲ့ အားသာချက်က ဂိမ်းကစားတာကို အသားပေးထားတာ ဖြစ်ပါတယ်။ ဖုန်းရဲ့ စွမ်းအင် အရင်းအမြစ်များကို ချိန်ညှိပေးပြီး ဂိမ်းကစားချိန်မှာ အကောင်းဆုံး အတွေ့အကြုံများကို ရရှိစေမှာ ဖြစ်ပါတယ်။ သူ့မှာ ပါမယ့် အအေးပေး စနစ်အကြောင်းကိုတော့ မသိရသေးပါဘူး။ လာမယ့် အင်္ဂါနေ့မှာ သူ့ရဲ့ သတင်းအချက်အလက် အပြည့်အစုံကို တရားဝင် သိရတော့မှာဖြစ်ပါတယ်။

Ref : gsmarena

Vivo iQOO Neo ကို ဇူလိုင်လ ၂ ရက်မှာ ကြေညာမည်

%d bloggers like this: