Bill Gates က သူ့ရဲ့ အကြီးမားဆုံး အမှားဟာ Android ကို မဝယ်လိုက်မိတာလို့ ပြော

Microsoft ရဲ့ ပူးတွဲ တည်ထောင်သူ ဘီလ်ဂိတ်စ်က သူ ကုမ္ပဏီမှာ ရှိနေစဉ်က လုပ်ခဲ့တဲ့ အမှားတစ်ခုကို ပြောပြလိုက်ပါတယ်။ Village Global နဲ့ မကြာခင်က အင်တာဗျူး တစ်ခုမှာ သူက သူ့ရဲ့ အကြီးမားဆုံး အမှားဟာ Android ကို မဝယ်လိုက်မိတာလို့ ပြောပါတယ်။

Google က ၂၀၀၅ ခုနှစ်မှာ Android ကို ဒေါ်လာ သန်း ၅၀ နဲ့ ဝယ်ယူခဲ့ပြီး ယခင် စီအီးအို ဖြစ်သူ Eric Schmidt က Google ရဲ့ အစောပိုင်း ရည်မှန်းချက်ဟာ Microsoft ရဲ့ Windows Mobile စီမံကိန်းကို တိုက်ခိုက်ဖို့လို့ ဝန်ခံပြောကြားခဲ့ဖူးပါတယ်။ အဲဒီ အချိန်တုန်းက Microsoft ရဲ့ Mobile OS နည်းဗျူဟာဟာ အောင်မြင်လာမှာကို အရမ်းကို စိတ်ပူခဲ့ရတာပါလို့ သူက ၂၀၁၂ ခုနှစ်က ပြောခဲ့ဖူးပါတယ်။

PC နယ်ပယ်မှာ Windows OS အောင်မြင်သလို Android ဟာလည်း အခုဆိုရင် Mobile OS နယ်ပယ်မှာ အောင်မြင်နေပါတယ်။ Gates ရဲ့ ဝန်ခံချက်ဟာ အံ့အားသင့်စရာ ကောင်းပါတယ်။ လူအများစုက Microsoft ရဲ့ မိုဘိုင်း နယ်ပယ်မှာ မအောင်မြင်မှုဟာ Steve Ballmer ရဲ့ အမှားလို့ ယူဆထားကြပါတယ်။ Microsoft က ၂၀၀၈ ခုနှစ်မှာ အရေးပေါ် အစည်းအဝေး ပြုလုပ်ပြီး Windows Mobile ကို ရပ်နား၍ Windows Phone ကို အသက်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Ref : theverge

Bill Gates က သူ့ရဲ့ အကြီးမားဆုံး အမှားဟာ Android ကို မဝယ်လိုက်မိတာလို့ ပြော

%d bloggers like this: