Realme က 64MP Quad Camera Phone ကို အိန္ဒိယမှာ မကြာခင် ကြေညာမည်

Realme က ဆမ်ဆောင်းရဲ့ 64MP GW1 Sensor ပါတဲ့ စမတ်ဖုန်းကို ဖန်တီးနေပြီး အိန္ဒိယမှာ မကြာခင်က ကြေညာတော့မှာပါ။ အဲဒီ ဆန်ဆာဟာ ဖုန်းမှာပါတဲ့ အကြီးမားဆုံး ဆန်ဆာ ဖြစ်လာမှာ ဖြစ်ပြီး 1/1.72” ရှိပါတယ်။ Pixel Size က 1.6µm ဖြစ်ပါတယ်။ ဆမ်ဆောင်းက Quad Bayer Type Sensor လို့ ခေါ်ပြီး 16MP Image များကို ထုတ်လုပ်ပေးနိုင်ပါတယ်။

အခုလည်း Realme India CEO Madhav Sheth က အဲဒီ ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ခုကို တွင်တာမှာ တင်လိုက်ပါတယ်။ သူက ကြေညာမယ့်ရက်ကို မပြောပေမယ့် အိန္ဒိယမှာ အစောဆုံး ကြေညာမယ်လို့ ပြောပါတယ်။

Samsung က ပြီးခဲ့တဲ့ လက 64MP ISOCELL Bright GW1 Sensor ကို ကြေညာခဲ့ပါတယ်။ အဲဒီ ကင်မရာ တပ်ဆင်ထားတဲ့ စမတ်ဖုန်းတစ်လုံးကို Redmi ကလည်း ဖန်တီးနေပြီး ဒီနှစ်ရဲ့ ဒုတိယ နှစ်ဝက်မှာ ကြေညာမယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ Bright GW1 ဟာ Pixel ၄ ခုကို ၁ ခုအဖြစ် ပေါင်းစပ်ခြင်းဖြင့် 16MP Image များကို ထုတ်လုပ်ပေးနိုင်ပါတယ်။ လက်ရှိ 48MP Camera များက 12MP Image များကို ဖန်တီးပေးသလို ဖြစ်ပါတယ်။ ဆမ်ဆောင်းရဲ့ ဆန်ဆာ အသစ်ဟာ အလင်းရောင်ကောင်းတဲ့ အခြေအနေများမှာ 64MP Image များကို ထုတ်လုပ်ပေးနိုင်ပါတယ်။

48MP Camera များကို စမတ်ဖုန်းများမှာ အသုံးပြုနေကြပါပြီ။ Samsung , Huawei , OPPO , Vivo , Xiaomi နဲ့ အခြား ဖုန်း ကုမ္ပဏီများက 48MP Camera ပါတဲ့ စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချနေကြပါတယ်။ ဆမ်ဆောင်းက ဒီနှစ် ဒုတိယ နှစ်ဝက်မှာ 64MP Camera များကို အမြောက်အများ ထုတ်လုပ်ရောင်းချမယ်လို့ ထင်ရပါတယ်။ ဒီနှစ်ထဲမှာပဲ 64MP Camera ပါတဲ့ စမတ်ဖုန်းတွေ ထွက်လာနိုင်ပါတယ်။

Ref : gsmarena

Realme က 64MP Quad Camera Phone ကို အိန္ဒိယမှာ မကြာခင် ကြေညာမည်

%d bloggers like this: