လာမယ့်နှစ်မှာ Foldable Surface ကို ရောင်းမယ့် Microsoft

Microsoft ရဲ့ Foldable Surface ရဲ့ သတင်းများထွက်နေတာ တစ်နှစ်ကျော်နေပါပြီ။ အခု ထွက်လာတဲ့ သတင်းကတော့ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဗြိတိန်ရဲ့ ဈေးကွက်ကျွမ်းကျင်သူ HIS Markit က Microsoft ရဲ့ Foldable Surface Device ကို လာမယ့်နှစ် ပထမနှစ်ဝက်မှာ ရောင်းချမယ်လို့ Forbes ကို ပြောပါတယ်။ သူက Supply Chain Info များအရ ဒီလို ပြောတာလို့ ပြောပါတယ်။

Foldable Surface မှာ ခေါက်ချိုး မျက်နှာပြင်များအတွက် အဓိက ဖန်တီးထားတဲ့ Windows 10 Version ပါမယ်လို့ HIS Markit က ပြောပါတယ်။ ဖြစ်ပါတယ်။ သူ့ကို Windows Lite လို့လည်း ခေါ်ကြပါတယ်။ 10nm Intel Lakefield Processor ထည့်သွင်းထားမှာ ဖြစ်ပြီး LTE or 5G ဆက်သွယ်မှုများ ပါလာမှာ ဖြစ်ပါတယ်။ သူ့မှာ Android Apps နဲ့ Apple iCloud Service များကို အသုံးပြုနိုင်မယ်လို့ သတင်းထွက်နေပါတယ်။

Foldable Surface မှာ ၉ လက်မ မျက်နှာပြင်ထည့်သွင်းထားမှာ ဖြစ်ပြီး 4:3 Aspect Ratio ဖြစ်ပါတယ်။ Foldable Surface ရဲ့ လျှို့ဝှက်အမည်မှာ Centaurus ဖြစ်ပါတယ်။ ခေါက်ချိုး စမတ်ဖုန်းများ ဖြစ်တဲ့ Huawei Mate X နဲ့ Samsung Galaxy Fold တို့ကို ရောင်းချဖို့ အချိန် နီးကပ်နေပြီ ဖြစ်ပါတယ်။ သူတို့ဟာ စမတ်ဖုန်းလို့ ပြောနိုင်သလို တက်ဘလက်လို့လည်း ပြောနိုင်ပါတယ်။ စမတ်ဖုန်း၊ တက်ဘလက် နှစ်မျိုးသုံး ကိရိယာများ ဖြစ်ပါတယ်။ Microsoft ရဲ့ Foldable Surface ဟာလည်း နှစ်မျိုးသုံး ဖြစ်လာမှာပါ။

Ref : techradar

လာမယ့်နှစ်မှာ Foldable Surface ကို ရောင်းမယ့် Microsoft

%d bloggers like this: