FCC ကို ရောက်လာတဲ့ အနောက်ကင်မရာ နှစ်လုံးနဲ့ Samsung Galaxy A10s

Samsung Galaxy A10s လို့ ထင်ရတဲ့ မော်ဒယ်နံပါတ် SM-A107F ကို အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) မှာ မှတ်ပုံတင်လိုက်ပါတယ်။ FCC မှာ သူ့ရဲ့ Specifications အချို့ကိုလည်း ဖော်ပြထားပါတယ်။ သူ့မှာ 3900mAh Battery ပါလာမယ့်အတွက် ဘက်ထရီ သက်တမ်း ကောင်းမွန်ပါတယ်။

သူ့ရဲ့ ပုံကြမ်းတစ်ခုကိုလည်း ပြသထားပြီး အနောက်ဘက်မှာ ကင်မရာ နှစ်လုံးနဲ့အတူ LED Flash နဲ့ Fingerprint Scanner များ ထည့်သွင်းထားပါတယ်။ နားကြပ်ပေါက်နဲ့ USB Port များလည်း ပါပါတယ်။ အရှည် ၁၅၇ မီလီမီတာ၊ အကျယ် ၇၅.၈ မီလီမီတာနဲ့ ထောင့်ဖြတ် ၁၇၄.၃ မီလီမီတာ ရှိပါတယ်။ အဲဒီအတွက် ၆.၈၆ လက်မ မျက်နှာပြင် ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အတိုင်းအတာထဲမှာ မျက်နှာပြင်ဘေးဘောင်များ ပါပါတယ်။

Samsung Galaxy A10 Series များအကြောင်း ပြန်ပြောပြချင်ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ Galaxy A10 ကို ကြေညာခဲ့ပါတယ်။ သူ့မှာ ၆.၂ လက်မ HD+ Infinity-V Display ထည့်သွင်းထားပြီး အရွယ်သေး Notch ပါပါတယ်။ Notch ဟာ V ပုံသဏ္ဍာန်ပါ။ အနောက်ဘက်မှာ 13MP Camera တစ်လုံးသာ ပါပါတယ်။ အရှေ့ဘက်မှာ 5MP Camera တစ်လုံး ထည့်ထားပါတယ်။ 2GB RAM , Exynos 7884 Chipset ထည့်ထားပါတယ်။ အနီ၊ အပြာ၊ ရွှေနဲ့ အနက်ရောင်များ ထုတ်လုပ်ထားပါတယ်။

Ref : digit.in

FCC ကို ရောက်လာတဲ့ အနောက်ကင်မရာ နှစ်လုံးနဲ့ Samsung Galaxy A10s

%d bloggers like this: