iPad နဲ့ MacBook များမှာ OLED များ ထည့်သုံးမယ့် Apple

Apple က အိုင်ဖုန်း ရောင်းအား ကျဆင်းတဲ့ အတွက် သူ ဝယ်မယ်လို့ ကတိပေးထားတဲ့ OLED ပမာဏကို ဆမ်ဆောင်းထံကနေ မှာယူနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီအတွက် Apple က iPad နဲ့ MacBook များအတွက် OLED များကို ဆမ်ဆောင်းထံကနေ မှာယူရတော့မှာ ဖြစ်ပါတယ်။ ဒီသတင်းဟာ ETNews ကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Apple က iPhone XS, XS Max များမှာ OLED များ ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ရောင်းအား ကျဆင်းခဲ့တဲ့ အတွက် OLED များကို အခြား ထုတ်ကုန်များမှာပါ ထည့်သွင်းရတော့မှာ ဖြစ်ပါတယ်။ OLED Screen များကို စမတ်ဖုန်းများမှာ သာမက တက်ဘလက်၊ လက်ပ်တော့များမှာပါ ထည့်သွင်းထားကြပါတယ်။ Samsung Galaxy Tab S Tablet များဟာ OLED Screen များကြောင့် နာမည်ကြီးပါတယ်။ Lenovo ThinkPad X1 Yoga ရဲ့ OLED Screen ကလည်း အံ့မခန်း ကောင်းပါတယ်။

ဆမ်ဆောင်းဟာ OLED Screen နယ်ပယ်မှာ ကမ္ဘာ့ ထိပ်တန်း ထုတ်လုပ်သူ ဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းကနေလည်း ဝင်ငွေများစွာ ရနေပါတယ်။ ဒီနှစ် ပထမသုံးလမှာလည်း ယခင်နှစ်များကအတိုင်းဘဲ Display ဈေးကွက်ကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ တောင်ကိုရီးယားကုမ္ပဏီဟာ ဒေါ်လာ ၃.၄ ဘီလီယမ်ဖိုးရှိ Display များ တင်ပို့ရောင်းချခဲ့ရပြီး ဈေးကွက်ရဲ့ ၄၀.၂ ရာခိုင်နှုန်းအထိ လွှမ်းမိုးထားနိုင်ပါတယ်။

လက်ရှိအချိန်မှာ တန်ဖိုးသင့် စမတ်ဖုန်းများမှာသာ LCD ကို ထည့်သွင်းထားကြပါတယ်။ တန်ဖိုးကြီးနှင့် တန်ဖိုးသင့် စမတ်ဖုန်းများမှာ AMOLED သုံးနေကြပါတယ်။ လာမယ့် နှစ်နှောင်းပိုင်းမှာ တန်ဖိုးနည်း ဖုန်းများမှလွဲရင် ကျန်ဖိုးများမှာ AMOLED ကို သုံးထားမယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ထားပါတယ်။

Ref : theverge

iPad နဲ့ MacBook များမှာ OLED များ ထည့်သုံးမယ့် Apple

%d bloggers like this: