Vivo က သူ့ရဲ့ ပထမဆုံး 5G Phone ကို လာမယ့် တစ်ပတ်မှာ ကြေညာမည်

Vivo က ဒီလ ၂၆ ရက်မှာ ရှန်ဟိုင်းတွင် ကျင်းပမယ့် Mobile World Congress တွင် သူပါဝင်မယ့် အကြောင်းနဲ့ ပတ်သက်တဲ့ Teaser Image တစ်ခုကို ပြသလိုက်ပါတယ်။ ဓါတ်ပုံမှာ 5G နဲ့ Give Me 5 ဆိုတဲ့ စာသားများကို ပြသထားပါတယ်။ အဲဒီအတွက် Vivo ဟာ အဲဒီပွဲမှာ သူ့ရဲ့ ပထမဆုံး 5G Smartphone ကို ကြေညာတော့မယ့်ပုံပေါ်ပါတယ်။

MWC Shanghai Event ကို ဇွန်လ ၂၆ ရက်ကနေ ၂၈ ရက်အထိ ကျင်းပမှာ ဖြစ်ပြီး 5G , Home Automation နဲ့ AI များကို အဓိက ပြသကြမှာ ဖြစ်ပါတယ်။ တရုတ်ရဲ့ နည်းပညာ ကုမ္ပဏီများစွာ ပါဝင်ပြသကြမှာ ဖြစ်ပြီး Devices အသစ်များစွာကို မြင်ကြရမှာ ဖြစ်ပါတယ်။ Vivo က သူ့ရဲ့ ပထမဆုံး 5G Phone ကို အဲဒီပွဲမှာ ပြသမှာ ဖြစ်ပေမယ့် လာမယ့်နှစ်မှ ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။

5G ဆက်သွယ်မှုဟာ ၂၀၁၉ ခုနှစ်မှာတော့ ရေပန်းအစားဆုံး အကြောင်းအရာ ဖြစ်လာမှာပါ။ Vivo ကလည်း 5G Smartphone ကို ပြီးခဲ့တဲ့ နှစ်ကတည်းက စမ်းသပ်နေတာပါ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတွင် International Symposium on ICT Technology မှာ Vivo က သူ့ရဲ့ 5G Phone အကြောင်း ပြောကြားခဲ့ပြီး အဲဒီ ဖုန်းကိုလည်း ပြသခဲ့ပါတယ်။

Ref : gsmarena

Vivo က သူ့ရဲ့ ပထမဆုံး 5G Phone ကို လာမယ့် တစ်ပတ်မှာ ကြေညာမည်

%d bloggers like this: