တရုတ်မှာ Galaxy S10+ ထက် ရောင်းအား ၁၀ ဆပိုကောင်းတဲ့ OnePlus 7 Pro

OnePlus 7 Pro က တရုတ်မှာ အရမ်းကို ရောင်းကောင်းနေပါတယ်။ သူဟာ တရုတ်မှာ ဆမ်ဆောင်းရဲ့ စွမ်းဆောင်ရည်မြင့် Galaxy S10+ ထက်တောင် ရောင်းအားပိုကောင်းနေပါတယ်။ JD.com ရဲ့ ဒေတာများအရ OnePlus 7 Pro ဟာ အလုံးရေ ၂၅၀ ၃၇၂ ရောင်းချထားပြီး Samsung Galaxy S10+ ဟာ အလုံးရေ ၂၃ ၂၆၆ ရောင်းချထားရပါတယ်။

ဒါဟာ ဈေးနှုန်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ OnePlus 7 Pro ဟာ ယွမ် ၂၄၉၀ (၃၅၉ ဒေါ်လာ) ရှိပြီး S10+ ထက်ဈေးသက်သာပါတယ်။ ဒါတောင် OnePlus 7 Pro မှာ 256GB Storage ပါပြီး S10+ မှာ 128GB သာ ပါပါတယ်။

OnePlus 7 Pro ကို ပြီးခဲ့တဲ့ တစ်လလောက်က တရုတ်မှာ ရောင်းချခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာ ပစ္စည်းပြတ်သွားပါတယ်။ ကုမ္ပဏီက ဖုန်းများ မလောက်အောင် ရောင်းချနိုင်ခဲ့ပါတယ်။ ရောင်းအား အရမ်းကို ကောင်းနေပြီး အခြားနိုင်ငံများမှာလည်း အကြိမ်ကြိမ်ရောင်းချပေးနေရပါတယ်။

Ref : gsmarena

တရုတ်မှာ Galaxy S10+ ထက် ရောင်းအား ၁၀ ဆပိုကောင်းတဲ့ OnePlus 7 Pro

%d bloggers like this: