Sony အနောက်ကင်မရာ ၆ လုံးဖုန်းရဲ့ Camera Specs များ ထွက်ပေါ်လာ

ပြီးခဲ့တဲ့ တစ်ပတ်က Sony ဟာ အရှေ့ကင်မရာ ၂ လုံးနဲ့ အနောက်ကင်မရာ ၆ လုံးပါတဲ့ Xperia Smartphone တစ်လုံးကို ဖန်တီးနေတဲ့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် Camera Specs များကို မသိခဲ့ရပါဘူး။ အခုတော့ အဲဒီ သတင်းအချက်အလက်များကို သိလာရပါပြီ။

အရှေ့ဘက်မှာ 10MP Camera ကို 0.3MP ToF Camera နဲ့ တွဲဖက်ထားပါတယ်။ အနောက်ဘက်မှာ 48MP Camera ,12MP Camera ,0.5MP ToF Camera, 20MP , 8MP , 16MP များ ထည့်သွင်းထားပါတယ်။ အခြား သတင်းအချက်အလက်များကို မသိရသေးပါဘူး။ ဒါပေမယ့် Main Camera နဲ့အတူ Wide-angle , Telephoto, ToF များ ပူးတွဲထားမှာပါ။ နာက်နှစ်လုံးက ဘာအတွက်လဲဆိုတာ မသိရသေးပါဘူး။

စမတ်ဖုန်း ကင်မရာများဟာ DSLR Camera များလောက် စွမ်းဆောင်ရည်မြင့်မားလာကြပါပြီ။ အဲဒီလို စွမ်းဆောင်ရည်မြင့်မားစေဖို့အတွက် အပို ကင်မရာများ ထည့်သွင်းလာကြပါတယ်။ ပင်မ ကင်မရာနဲ့အတူ ဒေတာများ ပိုမို ဖမ်းယူပေးတဲ့ ကင်မရာ၊ မြင်ကွင်းကျယ် ကင်မရာ၊ အကွာအဝေး တွက်ချက်ပေးတဲ့ ကင်မရာများကို ထည့်သွင်းပေးလာကြပါတယ်။

လက်ရှိအချိန်အထိ အနောက်ကင်မရာ အများဆုံးပါတဲ့ စမတ်ဖုန်း အဖြစ် စံချိန်တင်ထားတာက Nokia 9 PureView ဖြစ်ပြီး အနောက်ကင်မရာ ငါးလုံး ထည့်သွင်းထားပါတယ်။ နိုကီယာဟာ မကြာခင်မှာတော့ သူ့ရဲ့ စံချိန်ကို ဆိုနီအား ဆုံးရှုံးသွားတော့မယ်လို့ ထင်ရပါတယ်။ အဲဒီ စမတ်ဖုန်းဟာ လက်ရှိမှာ ဖန်တီးနေဆဲ အဆင့်မှာသာ ရှိသေးတဲ့ အတွက် ဒီနှစ်နှောင်းပိုင်း သို့မဟုတ် လာမယ့်နှစ် အစောပိုင်းကျမှသာ တရားဝင် မြင်ရနိုင်ပါတယ်။

Ref : gsmarena

Sony အနောက်ကင်မရာ ၆ လုံးဖုန်းရဲ့ Camera Specs များ ထွက်ပေါ်လာ

%d bloggers like this: