ဖုန်း ဘက်ထရီ သက်တမ်း ကောင်းမွန်စေမယ့် နည်းလမ်းများ

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ဝန်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ သက်တမ်း ကောင်းမွန်စေမယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Original Charger ကို သုံးပါ။

စမတ်ဖုန်းကို သူ့ရဲ့ မူလ Charger နဲ့ အားသွင်းတာက အကောင်းဆုံးပါ။ အခြား Charger များနဲ့ အားသွင်းခြင်းက ဘက်ထရီ စွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်။ Charger အသစ်ဝယ်မယ်ဆိုရင်လည်း မူလ Charger ကိုသာ ဝယ်ယူပါ။

၂။ အားသွင်းနေစဉ် Case များကို ဖယ်ရှားပါ။

စမတ်ဖုန်းများကို အားသွင်းနေစဉ်မှာ ပူလာတတ်ပါတယ်။ အဲဒီအတွက် အားသွင်းနေစဉ်မှာ Case များကို ဖယ်ရှားထားသင့်ပါတယ်။ ဖုန်းကို မှောက်ပြီး အားသွင်းခြင်းကလည်း အပူချိန် လျော့ကျစေပါတယ်။

၃။ တစ်ညလုံး အားသွင်းခြင်းကို ရှောင်ကြဉ်ပါ။

စမတ်ဖုန်းကို တစ်ညလုံး အားသွင်းတဲ့ လူများရှိကြပါတယ်။ စမတ်ဖုန်းကို တစ်ညလုံး အားသွင်းရင် ဘက်ထရီ သက်တမ်းကို ထိခိုက်စေပါတယ်။ ဒါ့အပြင် စမတ်ဖုန်းကိုလည်း အပူလွန်ကဲစေပါတယ်။ အဲဒီအတွက် ည မအိပ်ခင်မှာ ဖုန်း အားသွင်းခြင်းကို ရပ်ဖို့ ဂရုပြုပါ။

၄။ Third-Party Apps များကို ရှောင်ကြဉ်ပါ။

စမတ်ဖုန်းများမှာ Battery or Power Management App များကို အသုံးပြုနေကြပါတယ်။ ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကို တိုးတက်စေတယ်လို့ ကြေညာထားတဲ့ Apps များစွာ Google Play Store မှာ ရှိကြပါတယ်။ ဒါပေမယ့် အဲဒီ Apps များဟာ ဖုန်းရဲ့ ဘက်ထရီကို ပိုမို စားသုံးကြတဲ့အတွက် ကြေညာထားတာနဲ့ ပြောင်းပြန် ရလဒ်ကိုသာ ရစေပါတယ်။

၅။ ၈၀ ရာခိုင်နှုန်းအထိသာ အားဖြည့်ပါ။

စမတ်ဖုန်းကို ၈၀ ရာခိုင်နှုန်း အားဖြည့်ထားရင် တစ်ရက်တာ အသုံးခံပါတယ်။ အဲဒီထက် ကျော်ပြီး အားသွင်းရင် ဘက်ထရီကို အပူလွန်ကဲစေတဲ့အတွက် ဘက်ထရီ သက်တမ်းကို ထိခိုုက်စေပါတယ်။ သင့် စမတ်ဖုန်းကို အားအပြည့်ဖြည့်ဖို့ မလိုအပ်ပါဘူး။

လူတွေက စမတ်ဖုန်းရဲ့ ဘက်ထရီ အားဟာ ၅၀ ရာခိုင်နှုန်းလောက်ရောက်တာနဲ့ အားသွင်းတတ်ကြပါတယ်။ ဒါပေမယ့် ၂၀ ရာခိုင်နှုန်းလောက် ရောက်မှ အားသွင်းခြင်းက ပိုမို ကောင်းမွန်ပါတယ်။ သုတေသန စစ်တမ်းများက မကြာခဏ အားသွင်းခြင်းဟာ ဘက်ထရီ သက်တမ်းကို တိုတောင်းစေတယ်လို့ ဆိုကြပါတယ်။

ref : techviral

ဖုန်း ဘက်ထရီ သက်တမ်း ကောင်းမွန်စေမယ့် နည်းလမ်းများ

%d bloggers like this: