၁၄ ရက်အတွင်းမှာ အလုံးရေ ၁ သန်း ရောင်းချထားနိုင်တဲ့ Honor 20

Honor 20 Series များကို ပြီးခဲ့တဲ့တစ်လလောက်က ကြေညာခဲ့ပြီး တရုတ်မှာသာ ရောင်းချပေးထားပါတယ်။ သူ့ရဲ့ ရောင်းအားများလည်း ကောင်းနေပါတယ်။ ၁၄ ရက်အတွင်းမှာ အလုံးရေ ၁ သန်း ရောင်းချထားနိုင်တယ်လို့ သိရပါတယ်။ Honor 20 Pro ကိုလည်း တရုတ်မှာ ကြေညာဖို့ ရှိနေပါတယ်။

Huawei က မေလကပဲ Honor 20 Pro ကို ကြေညာထားပါတယ်။ သူ့ရဲ့ 48MP Main Camera ဟာ လက်ရှိဖုန်းတွေထဲမှာ အမြန်ဆုံး Aperture ကို ပိုင်ဆိုင်ထားပါတယ်။ OIS နဲ့ EIS များ ပါပါတယ်။ 3x Optical နဲ့ 5x Hybrid Zoom များပါတဲ့ 8MP Telephoto Camera ပါပါတယ်။ (30x Digital Zoom ကို ထောက်ပံ့ပါတယ်။ ) Low Light Portrait နဲ့ အဝေးမှ အရာဝတ္ထုများကို ဓါတ်ပုံ ရိုက်ကူးရာမှာ အဓိကကျတဲ့ OIS ပါပါတယ်။ Macro Camera ပါတဲ့ ပထမဆုံး ဖုန်းပါ။ 2MP Sensor က ၄ စင်တီမီတာ အကွာမှ အရာဝတ္ထုများကို အကောင်းဆုံး ဓါတ်ပုံ ရိုက်ကူးပေးပါတယ်။ 16MP Ultra-wide Angle Camera ပါပါတယ်။

အရှေ့ဘက်မှာ 32MP Selfie Camera ကို Punch Hole မှာ ထည့်ထားပါတယ်။ ၆.၂၆ လက်မ LCD FullHD+ Display တပ်ဆင်ထားပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ ပါပါတယ်။ Face Unlock လည်း ပါပါတယ်။ စွမ်းရည်မြင့် Kirin 980 Chipset , 8GB RAM , 256GB Storage များ ပါပါတယ်။

စွမ်းရည်မြင့် Dual NPU နဲ့ ISP များပါတဲ့ အတွက် AIS Super Night Mode ဟာ တစ်ကြိမ်မှာ ဓါတ်ပုံများစွာကို ဖမ်းယူပေးနိုင်ပါတယ်။ အရည်အသွေး နိမ့်တဲ့ ပုံများကို ချန်ထားပြီး ကျန်တဲ့ ပုံအားလုံးကို ပေါင်းစပ်ခြင်းဖြင့် အကောင်းဆုံး Low-light Photo တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ 48MP AI Ultra Clarity Mode ကလည်း နေ့ဘက်မှာပါ ဒီလို ပြုလုပ်ပေးပါတယ်။ ယူရို ၆၀၀ သတ်မှတ်ထားပါတယ်။

Ref : gsmarena

၁၄ ရက်အတွင်းမှာ အလုံးရေ ၁ သန်း ရောင်းချထားနိုင်တဲ့ Honor 20

%d bloggers like this: