Vivo Z1 Pro ဟာ Game အသားပေး ဖုန်း ဖြစ်မည်

Vivo Z1 Pro ဟာ ဂိမ်း အသားပေး စမတ်ဖုန်း ဖြစ်မယ်လို့ ကုမ္ပဏီက လူမှုကွန်ရက်များမှာ ကြေညာထားပါတယ်။ အအေးပေးစနစ်ကလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ အင်တာနက် ဆက်သွယ်မှု ကောင်းစေတဲ့ Net Turbo ပါလာမှာပါ။ လျှင်မြန်တဲ့ စွမ်းဆောင်ရည်ရစေမယ့် လုပ်ဆောင်ချက်များလည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

ဂိမ်းကစားနေရင်းကနေ အခြား App ကို သုံးတဲ့အခါမှာ ဂိမ်း ပြန်ကစားဖို့ သတိပေးတဲ့ လုပ်ဆောင်ချက်လည်း ပါလာမှာပါ။ ကစားနေစဉ်မှာပဲ PUBG Voice ကို ပြောင်းလဲနိုင်ပါတယ်။ 4D Vibrations နဲ့ 3D Surround Sound ကို ပံ့ပိုးပေးပါတယ်။

သူဟာ တရုတ်မှာ ပြီးခဲ့တဲ့ လက ကြေညာခဲ့တဲ့ Z5x ရဲ့ မော်ဒယ်ခွဲ ဖြစ်မယ်လို့ အစောပိုင်းက ထင်ခဲ့ပါတယ်။ ဒါပေမယ့် Z5x မှာ Snapdragon 710 SoC ထည့်သွင်းထားပြီး Z1 Pro မှာတော့ Snapdragon 712 SoC ပါလာမှာ ဖြစ်ပါတယ်။ သူဟာ အဲဒီ Chipset ပါတဲ့ အိန္ဒိယရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

ဒါ့အပြင် သူ့မှာ Z5x ရဲ့ 16MP Selfie Camera အစား 32MP Camera ကို ထည့်သွင်းထားမှာပါ။ Z5x ရဲ့ 18W Fast Charging ပါတဲ့ 5000mAh Battery ကိုပဲ သုံးထားမှာ ဖြစ်ပါတယ်။ Standby သုံးရင် ၂၁ ရက်ကြာ အသုံးခံမှာ ဖြစ်ပါတယ်။ Z1 Pro ရဲ့ အခြား Specs များကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် Z5x နဲ့ တူညီမယ်လို့ ထင်ရပါတယ်။ သူ့ကို ကြေညာမယ့် အချိန်ကို မကြာခင် သိလာရတော့မှာပါ။

Ref : gsmarena

Vivo Z1 Pro ဟာ Game အသားပေး ဖုန်း ဖြစ်မည်

%d bloggers like this: