မောင်းသူမဲ့ ကား ကုမ္ပဏီတစ်ခုကို ဝယ်ယူလိုက်တဲ့ Apple

၂၀၁၁ ခုနှစ်မှာ သေဆုံးသွားခဲ့တဲ့ Apple ရဲ့ ပူးတွဲတည်ထောင်သူ Steve Jobs က ကားများမှာ ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲများကို အသုံးပြုနိုင်အောင် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက တီထွင်နေခဲ့တာလို့ သတင်းများက ဆိုကြပါတယ်။ ယခင်နှစ် ဇွန်လလယ်မှာ Apple ရဲ့ စီအီးအို Tim Cook က ဉာဏ်ရည်တု နည်းပညာ အတွက် စီမံကိန်းနဲ့ မောင်းသူမဲ့ ကားများအတွက် ဆော့ဖ်ဝဲကို ကုမ္ပဏီက အာရုံစိုက်နေတယ်လို့ ကြေညာခဲ့ပါတယ်။

အခုတော့ Apple က မောင်းသူမဲ့ ကား ကုမ္ပဏီတစ်ခုကို ဝယ်ယူဖို့ စီစဉ်နေတယ်လို့ Bloomberg က ပြောပါတယ်။ ကုမ္ပဏီဟာ မောင်းသူမဲ့ ကားများအတွက် ဉာဏ်ရည်တု နည်းပညာကို ဖန်တီးနေတာ ဖြစ်ပြီး အမည်က Drive ai ဖြစ်ပါတယ်။ Apple က ကုမ္ပဏီမှ ပညာရှင်များကိုသာ ငှားရမ်းမှာ ဖြစ်ပြီး ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူမှာ မဟုတ်ဘူးလို့ The Information က ပြောပါတယ်။

ခွဲခြမ်းစိတ်ဖြာသူများက သွားချင်တဲ့ အချိန်မှာ မောင်းသူမဲ့ ကားများကို စမတ်ဖုန်းကနေ အလွယ်တကူ ခေါ်ဆိုနိုင်တဲ့ နည်းပညာဟာ အလွန်ကြီးမားတဲ့ ဈေးကွက်ကြီး ဖြစ်လာမယ်လို့ တွက်ချက်ထားကြပါတယ်။ APPLE ဟာ မောင်းသူမဲ့ ကားများကို စမ်းသပ်ဖို့ ကယ်လီဖိုးနီးယား မော်တော်ယာဉ် အာဏာပိုင်များထံကနေ ခွင့်ပြုချက်ကိုလည်း ယခင်နှစ်ကတည်းက ရရှိခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အဆောက်အဦး အနီးမှာ မောင်းသူမဲ့ LEXUS ကို စမ်းသပ်နေတဲ့ ဓါတ်ပုံများလည်း ထွက်ရှိခဲ့ပါတယ်။

APPLE ဟာ တရုတ် RIDE-SHARING COMPANY ဖြစ်တဲ့ DIDI မှာလည်း ငွေကြေးများ ရင်းနှီးမြှပ်နှံထားပါတယ်။ APPLE ဟာ မောင်းသူမဲ့ တက္ကစီများကို တီထွင်နေတဲ့ UBER ကို ယှဉ်ပြိုင်ချင်နေတယ်လို့လည်း ယခင်က သတင်းထွက်ခဲ့ဖူးပါတယ်။

REF : TNW

မောင်းသူမဲ့ ကား ကုမ္ပဏီတစ်ခုကို ဝယ်ယူလိုက်တဲ့ Apple

%d bloggers like this: