Huawei Mate 30 Pro မှာ 90Hz Display ပါမည်

Huawei Mate 30 Pro မှာ ၆.၇၁ လက်မ AMOLED Display ပါမယ်ဆိုတာကို ပြီးခဲ့တဲ့လက သတင်းထွက်ခဲ့ပါတယ်။ အခုတော့ တရုတ်က ထွက်လာတဲ့ သတင်းအရ မျက်နှာပြင်ဟာ 90Hz Refresh Rate ဖြစ်မယ်လို့ သိရပါတယ်။ OnePlus 7 Pro နဲ့ တူသွားမှာပါ။

Mate 30 Pro ရဲ့ ဓါတ်ပုံများလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ မျက်နှုာပြင်မှာ Curved Edges များကို အသုံးပြုထားပြီး မျက်နှာပြင်ရဲ့ ဘယ်ဘက် အပေါ်ထောင့်မှာ Punch Hole Camera ကို ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီး ကင်မရာ ၂ လုံး ထည့်သွင်းထားတာကို မြင်ရပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး LED Flash ကိုလည်း မြင်ရပါတယ်။ ကင်မရာများမှာ 5x Optical Zoom နဲ့ 50x Digital Zoom ကို ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။

ဓါတ်ပုံများအရ သူ့အတွက် Black, Red, Gold White, Blue, Chrome White, Classic Blue, Classic Red အရောင်များ ထုတ်လုပ်ပေးထားပါတယ်။ သူ့မှာ Kirin 985 SoC မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ SoC မှာ Balong 5000 5G Modem ပါလာမှာပါ။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာမှာပါ။ 4200mAh Battery ထည့်သွင်းထားပြီး 55W Fast Charging ပါလာမှာပါ။ ဟွာဝေးက Mate 30 Pro ကို အောက်တိုဘာလမှာ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena

Huawei Mate 30 Pro မှာ 90Hz Display ပါမည်

%d bloggers like this: