Ref : androidpolice
[Unicode]
Triple Rear Cameras များပါမယ့် Motorola One Action
21:9 Display နဲ့ Exynos Chipset ပါတာ One Vision တစ်လုံးထဲ မဟုတ်တော့ပါဘူး။ Motorola ရဲ့ နောက်ထုတ်မယ့် One Action မှာလည်း ပါလာတော့မှာပါ။ အဲဒီ One Phone ၂ လုံးမှာ တူညီချက်များစွာ ပါလာနိုင်ပါတယ်။ Action ကတော့ Vision ရဲ့ စွမ်းရည်နိမ့် မော်ဒယ် ဖြစ်ပါတယ်။
သူတို့ နှစ်လုံးရဲ့ Specs အများစုက တူညီကြမှာပါ။ ဖုန်း နှစ်လုံးစလုံးမှာ ၆.၃ လက်မ 1080p Display များပါလာမှာ ဖြစ်ပြီး မျက်နှာပြင် အချိုးက 21:9 ပါ။ Octa-core Exynos 9609 Processor ပါပါတယ်။ တူညီတဲ့ RAM နဲ့ Storage များ ပါလာမှာပါ။ ဘက်ထရီက 3500mAh ပါ။ သူတို့ဟာ Android One Phone များ ဖြစ်ပါတယ်။
ကင်မရာ အပိုင်းမှာတော့ ကွဲပြားကြပါတယ်။ One Vision မှာ အမြင့်ဆုံး အနေနဲ့ 48MP ထည့်ထားပါတယ်။ One Action မှာတော့ အမြင့်ဆုံး အနေနဲ့ 12.6MP ပါလာမှာပါ။ နောက်နှစ်လုံးထဲက တစ်လုံးက ၁၁၇ ဒီဂရီ မြင်ကွင်းကျယ် ကင်မရာ ဖြစ်ပါတယ်။ အရှေ့ ကင်မရာက အနောက်ရဲ့ ပင်မ ကင်မရာနဲ့ တူညီနိုင်ပါတယ်။
သူ့ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ အပြာ၊ ရွှေနဲ့ အဖြူရောင်များ ထုတ်လုပ်ထားမှာပါ။ Motorola က One Pro ကိုလည်း ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များတော့ ပေါက်ကြားထွက်ပေါ်ခြင်း မရှိသေးပါဘူး။
Ref : androidpolice
%d bloggers like this: