လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို တပ္ဆင္ေနတာကို ေတြ႕ရပါတယ္။ သူ႔ရဲ႕ အမည္ကေတာ့ HRP-5P ျဖစ္ၿပီး သူ႔မွာ အလုပ္မ်ား လုပ္ဖို႔ ေခါက္ခ်ိဳး လွည့္ပတ္ႏိုင္တဲ့ လက္တံမ်ားနဲ႔ ခ်ိတ္မ်ား ပါပါတယ္။ သူက နံရံမွာ သံမိႈမ်ား ရိုက္ထည့္ေနတာကိုလည္း ဗီဒီယိုမွာ ျမင္ရပါတယ္။

AIST က ဂ်ပန္မွာ အလုပ္သမား ရွားပါးမႈမ်ားနဲ႔ သက္ႀကီးရြယ္အိုမ်ား မ်ားျပားလာတဲ့အတြက္ ဒီစက္ရုပ္ကို သူတို႔ အစား ေဆာက္လုပ္ေရး လုပ္ငန္းမ်ားမွာ အသံုးျပဳႏုိင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ အေဆာက္အဦးမ်ား၊ ေနအိမ္မ်ား၊ ေလယာဥ္ပ်ံမ်ား၊ သေဘၤာမ်ား တည္ေဆာက္ရာမွာ ကူညီႏုိင္တဲ့ စက္ရုပ္ ျဖစ္ေအာင္ ဖန္တီးဖို႔ AIST က ရည္ရြယ္ထားပါတယ္။

ဒီလို အလုပ္မ်ိဳးကို စက္ရုပ္မ်ားက ျပဳလုပ္ႏိုင္ေတာ့မယ္လို႔ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္းက သုေတသန ပညာရွင္မ်ားက ေဟာကိန္းထုတ္ထားပါတယ္။ ၂၀၁၃ ခုႏွစ္မွ Oxford University ရဲ႕ စစ္တမ္းက နံရံမ်ား တပ္ဆင္တဲ့ လူသားမ်ားရဲ႕ အလုပ္အကိုင္မ်ားကို စက္ရုပ္မ်ားက ၇၉ ရာခုိင္ႏႈန္းေလာက္ လုယူသြားမယ္လို႔ ေဖာ္ျပထားပါတယ္။

ေဆာက္လုပ္ေရး လုပ္ငန္းမ်ားမွာ စက္ရုပ္မ်ားကို အသံုးျပဳေနတာ ၾကာပါၿပီ။ အုတ္စီျခင္း၊ လက္သမား အလုပ္မ်ား၊ အမိုးမိုးျခင္း စတဲ့ အလုပ္မ်ားကို ျပဳလုပ္ႏိုင္တဲ့ စက္ရုပ္မ်ားကို ျမင္ခဲ့ၾကရၿပီးပါၿပီ။ အခုဆိုရင္ ေနအိမ္တစ္လံုးကို တစ္ရက္အတြင္း တည္ေဆာက္ေပးတဲ့ 3D Printing Robot မ်ားေတာင္ ေပၚလာပါၿပီ။

Ref : theverge

[Unicode]

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်

ဂျပန်မှ Advanced Industrial Science and Technology, or AIST က နေအိမ် တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သူဟာ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုမှာ သူဟာ နံရံများကို တပ်ဆင်နေတာကို တွေ့ရပါတယ်။ သူ့ရဲ့ အမည်ကတော့ HRP-5P ဖြစ်ပြီး သူ့မှာ အလုပ်များ လုပ်ဖို့ ခေါက်ချိုး လှည့်ပတ်နိုင်တဲ့ လက်တံများနဲ့ ချိတ်များ ပါပါတယ်။ သူက နံရံမှာ သံမှိုများ ရိုက်ထည့်နေတာကိုလည်း ဗီဒီယိုမှာ မြင်ရပါတယ်။

AIST က ဂျပန်မှာ အလုပ်သမား ရှားပါးမှုများနဲ့ သက်ကြီးရွယ်အိုများ များပြားလာတဲ့အတွက် ဒီစက်ရုပ်ကို သူတို့ အစား ဆောက်လုပ်ရေး လုပ်ငန်းများမှာ အသုံးပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အဆောက်အဦးများ၊ နေအိမ်များ၊ လေယာဉ်ပျံများ၊ သင်္ဘောများ တည်ဆောက်ရာမှာ ကူညီနိုင်တဲ့ စက်ရုပ် ဖြစ်အောင် ဖန်တီးဖို့ AIST က ရည်ရွယ်ထားပါတယ်။

ဒီလို အလုပ်မျိုးကို စက်ရုပ်များက ပြုလုပ်နိုင်တော့မယ်လို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက သုတေသန ပညာရှင်များက ဟောကိန်းထုတ်ထားပါတယ်။ ၂၀၁၃ ခုနှစ်မှ Oxford University ရဲ့ စစ်တမ်းက နံရံများ တပ်ဆင်တဲ့ လူသားများရဲ့ အလုပ်အကိုင်များကို စက်ရုပ်များက ၇၉ ရာခိုင်နှုန်းလောက် လုယူသွားမယ်လို့ ဖော်ပြထားပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းများမှာ စက်ရုပ်များကို အသုံးပြုနေတာ ကြာပါပြီ။ အုတ်စီခြင်း၊ လက်သမား အလုပ်များ၊ အမိုးမိုးခြင်း စတဲ့ အလုပ်များကို ပြုလုပ်နိုင်တဲ့ စက်ရုပ်များကို မြင်ခဲ့ကြရပြီးပါပြီ။ အခုဆိုရင် နေအိမ်တစ်လုံးကို တစ်ရက်အတွင်း တည်ဆောက်ပေးတဲ့ 3D Printing Robot များတောင် ပေါ်လာပါပြီ။

Ref : theverge

%d bloggers like this: