Huawei က သူ႔ဖုန္းမ်ားရဲ႕ Lockscreen မွာ မွားယြင္းျပသေနတဲ့ ေၾကာ္ညာမ်ားကို ဖယ္ရွားလိုက္ၿပီ

ဒီတစ္ပတ္ထဲမွာ ဟြာေ၀း ဖုန္း ပိုင္ရွင္ အခ်ိဳ႕ဟာ Lockscreen မွာ Booking.com မွ ေၾကာ္ညာမ်ားကို ျမင္ေနရတယ္လို႔ ေျပာၾကပါတယ္။ Android Police က ကမာၻအ၀န္းမွ ဟြာေ၀းဖုန္းမ်ားမွာ အဲဒီ ေၾကာ္ညာမ်ားကို ျမင္ရတယ္လို႔ ေျပာပါတယ္။ အဲဒီ စမတ္ဖုန္းမ်ားထဲမွာ Huawei P30 Pro, P20, P20 Lite, P20 Pro, Mate 20 Pro, Honor 10 မ်ား ပါ၀င္ပါတယ္။ အျခား ေမာ္ဒယ္မ်ားလည္း ပါႏုိင္ပါတယ္။ Reddit နဲ႔ Twitter မွာလည္း ဒီျပႆနာကို User မ်ားက ပို႔စ္တင္ထားၾကပါတယ္။

ႀကိဳတင္ထည့္သြင္းထားတဲ့ Landscape Background Wallpaper မ်ားကို အသံုးျပဳတဲ့ ဖုန္းမ်ားမွာ အဲဒီေၾကာ္ညာမ်ား ေပၚလာတာ ျဖစ္ပါတယ္။ Reddit User တစ္ဦးက Magazine Unlock မွ Wallpapers မ်ားကို ဖယ္ရွားလိုက္ရင္ ေၾကာ္ညာမ်ားဟာ ခဏတာ ေပ်ာက္သြားတယ္လို႔ ေျပာပါတယ္။ ဖုန္းမွာ ႀကိဳတင္ မထည့္ထားတဲ့ Wallpaper ကို သံုးရင္ေတာ့ ေၾကာ္ညာမ်ားကို လံုး၀ မျမင္ရေတာ့ပါဘူး။

အခုေတာ့ ဟြာေ၀းက ဒီျပႆနာကို ေျဖရွင္းေပးလိုက္ပါၿပီ။ ဟြာေ၀းက ကုမၸဏီရဲ႕ ဆာဗာကေန အဲဒီ Wallpapers မ်ားကို ဖယ္ရွားလိုက္ၿပီလို႔ XDA Developers အား အတည္ျပဳလုိက္ပါတယ္။ Booking.com ရဲ႕ ေၾကာ္ညာမ်ားကို ဖုန္းရဲ႕ Lockscreen မွာ မျမင္ရေတာ့ပါဘူး။ ဟြာေ၀းက ဒီကိစၥအတြက္လည္း တရား၀င္ ေတာင္းပန္လိုက္ပါတယ္။

Ref : 9to5Google

[Unicode]

Huawei က သူ့ဖုန်းများရဲ့ Lockscreen မှာ မှားယွင်းပြသနေတဲ့ ကြော်ညာများကို ဖယ်ရှားလိုက်ပြီ

ဒီတစ်ပတ်ထဲမှာ ဟွာဝေး ဖုန်း ပိုင်ရှင် အချို့ဟာ Lockscreen မှာ Booking.com မှ ကြော်ညာများကို မြင်နေရတယ်လို့ ပြောကြပါတယ်။ Android Police က ကမ္ဘာအဝန်းမှ ဟွာဝေးဖုန်းများမှာ အဲဒီ ကြော်ညာများကို မြင်ရတယ်လို့ ပြောပါတယ်။ အဲဒီ စမတ်ဖုန်းများထဲမှာ Huawei P30 Pro, P20, P20 Lite, P20 Pro, Mate 20 Pro, Honor 10 များ ပါဝင်ပါတယ်။ အခြား မော်ဒယ်များလည်း ပါနိုင်ပါတယ်။ Reddit နဲ့ Twitter မှာလည်း ဒီပြဿနာကို User များက ပို့စ်တင်ထားကြပါတယ်။

ကြိုတင်ထည့်သွင်းထားတဲ့ Landscape Background Wallpaper များကို အသုံးပြုတဲ့ ဖုန်းများမှာ အဲဒီကြော်ညာများ ပေါ်လာတာ ဖြစ်ပါတယ်။ Reddit User တစ်ဦးက Magazine Unlock မှ Wallpapers များကို ဖယ်ရှားလိုက်ရင် ကြော်ညာများဟာ ခဏတာ ပျောက်သွားတယ်လို့ ပြောပါတယ်။ ဖုန်းမှာ ကြိုတင် မထည့်ထားတဲ့ Wallpaper ကို သုံးရင်တော့ ကြော်ညာများကို လုံး၀ မမြင်ရတော့ပါဘူး။

အခုတော့ ဟွာဝေးက ဒီပြဿနာကို ဖြေရှင်းပေးလိုက်ပါပြီ။ ဟွာဝေးက ကုမ္ပဏီရဲ့ ဆာဗာကနေ အဲဒီ Wallpapers များကို ဖယ်ရှားလိုက်ပြီလို့ XDA Developers အား အတည်ပြုလိုက်ပါတယ်။ Booking.com ရဲ့ ကြော်ညာများကို ဖုန်းရဲ့ Lockscreen မှာ မမြင်ရတော့ပါဘူး။ ဟွာဝေးက ဒီကိစ္စအတွက်လည်း တရားဝင် တောင်းပန်လိုက်ပါတယ်။

Ref : 9to5Google

%d bloggers like this: