32MP Selfie Camera နဲ့ Snapdragon 712 ပါလာမယ့် Vivo Z1 Pro

Vivo က မကြာခင်မှာ အိန္ဒိယတွင် Z1 Pro ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူဟာ တရုတ်မှာ ပြီးခဲ့တဲ့ လက ကြေညာခဲ့တဲ့ Z5x ရဲ့ မော်ဒယ်ခွဲ ဖြစ်မယ်လို့ အစောပိုင်းက ထင်ခဲ့ပါတယ်။ ဒါပေမယ့် Z5x မှာ Snapdragon 710 SoC ထည့်သွင်းထားပြီး Z1 Pro မှာတော့ Snapdragon 712 SoC ပါလာမှာ ဖြစ်ပါတယ်။ သူဟာ အဲဒီ Chipset ပါတဲ့ အိန္ဒိယရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

ဒါ့အပြင် သူ့မှာ Z5x ရဲ့ 16MP Selfie Camera အစား 32MP Camera ကို ထည့်သွင်းထားမှာပါ။ Z5x ရဲ့ 18W Fast Charging ပါတဲ့ 5000mAh Battery ကိုပဲ သုံးထားမှာ ဖြစ်ပါတယ်။ Standby သုံးရင် ၂၁ ရက်ကြာ အသုံးခံမှာ ဖြစ်ပါတယ်။ Z1 Pro ရဲ့ အခြား Specs များကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် Z5x နဲ့ တူညီမယ်လို့ ထင်ရပါတယ်။ သူ့ကို ကြေညာမယ့် အချိန်ကို မကြာခင် သိလာရတော့မှာပါ။

Vivo က မကြာခင်မှာ အိန္ဒိယတွင် Z1 Pro ကို ကြေညာတော့မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ သူ့ကို Flipkart ကနေ ရောင်းချမှာ ဖြစ်ပါတယ်။ Vivo ရဲ့ India Website မှာ Z1 Pro ရဲ့ ဝက်ဘ်စာမျက်နှာကိုလည်း လွှင့်တင်ထားပြီးပါပြီ။ သူ့ရဲ့ ဒီဇိုင်းကိုလည်း ပြသထားပါတယ်။ အရှေ့ ကင်မရာဟာ Punch Hole Design ဖြစ်ပြီး အနောက်ဘက်မှာ ကင်မရာသုံးလုံး ထည့်သွင်းထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကိုလည်း အနောက်ဘက်မှာ ထည့်ထားပါတယ်။

Ref : gsmarena

32MP Selfie Camera နဲ့ Snapdragon 712 ပါလာမယ့် Vivo Z1 Pro

%d bloggers like this: