Redmi က Samsung ရဲ႕ 64MP Camera တပ္ဆင္ထားတဲ့ ဖုန္းကို ဖန္တီးေန

Samsung က ၿပီးခဲ့တဲ့ လက 64MP ISOCELL Bright GW1 Sensor ကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ အဲဒီ ကင္မရာ တပ္ဆင္ထားတဲ့ စမတ္ဖုန္းတစ္လံုးကို Redmi က ဖန္တီးေနၿပီး ဒီႏွစ္ရဲ႕ ဒုတိယ ႏွစ္၀က္မွာ ေၾကညာမယ္လို႔ သတင္းထြက္လာပါတယ္။ Bright GW1 ဟာ Pixel ၄ ခုကို ၁ ခုအျဖစ္ ေပါင္းစပ္ျခင္းျဖင့္ 16MP Image မ်ားကို ထုတ္လုပ္ေပးႏုိင္ပါတယ္။ လက္ရွိ 48MP Camera မ်ားက 12MP Image မ်ားကို ဖန္တီးေပးသလို ျဖစ္ပါတယ္။ ဆမ္ေဆာင္းရဲ႕ ဆန္ဆာ အသစ္ဟာ အလင္းေရာင္ေကာင္းတဲ့ အေျခအေနမ်ားမွာ 64MP Image မ်ားကို ထုတ္လုပ္ေပးႏိုင္ပါတယ္။

48MP Camera မ်ားကို စမတ္ဖုန္းမ်ားမွာ အသံုးျပဳေနၾကပါၿပီ။ Samsung , Huawei , OPPO , Vivo , Xiaomi နဲ႔ အျခား ဖုန္း ကုမၸဏီမ်ားက 48MP Camera ပါတဲ့ စမတ္ဖုန္းမ်ားကို ထုတ္လုပ္ေရာင္းခ်ေနၾကပါတယ္။ ဆမ္ေဆာင္းက ဒီႏွစ္ ဒုတိယ ႏွစ္၀က္မွာ 64MP Camera မ်ားကို အေျမာက္အမ်ား ထုတ္လုပ္ေရာင္းခ်မယ္လို႔ ထင္ရပါတယ္။ ဒီႏွစ္ထဲမွာပဲ 64MP Camera ပါတဲ့ စမတ္ဖုန္းေတြ ထြက္လာႏုိင္ပါတယ္။

Samsung က 64MP Camera ပါတဲ့ Galaxy A70S ကို ထုတ္လုပ္ေရာင္းခ်မယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ Galaxy A70S ကို ၂၀၁၉ ခုႏွစ္ ဒုတိယ ႏွစ္၀က္မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ 64MP Camera Sensor ဟာ Low-light Photo မ်ားအတြက္ အလြန္ကို ေကာင္းမြန္မွာ ျဖစ္ပါတယ္။ Dynamic Range မ်ားကလည္း အရမ္းကို လန္းမွာ ျဖစ္ပါတယ္။

Ref : fonearena

[Unicode]

Redmi က Samsung ရဲ့ 64MP Camera တပ်ဆင်ထားတဲ့ ဖုန်းကို ဖန်တီးနေ

Samsung က ပြီးခဲ့တဲ့ လက 64MP ISOCELL Bright GW1 Sensor ကို ကြေညာခဲ့ပါတယ်။ အခုတော့ အဲဒီ ကင်မရာ တပ်ဆင်ထားတဲ့ စမတ်ဖုန်းတစ်လုံးကို Redmi က ဖန်တီးနေပြီး ဒီနှစ်ရဲ့ ဒုတိယ နှစ်ဝက်မှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ Bright GW1 ဟာ Pixel ၄ ခုကို ၁ ခုအဖြစ် ပေါင်းစပ်ခြင်းဖြင့် 16MP Image များကို ထုတ်လုပ်ပေးနိုင်ပါတယ်။ လက်ရှိ 48MP Camera များက 12MP Image များကို ဖန်တီးပေးသလို ဖြစ်ပါတယ်။ ဆမ်ဆောင်းရဲ့ ဆန်ဆာ အသစ်ဟာ အလင်းရောင်ကောင်းတဲ့ အခြေအနေများမှာ 64MP Image များကို ထုတ်လုပ်ပေးနိုင်ပါတယ်။

48MP Camera များကို စမတ်ဖုန်းများမှာ အသုံးပြုနေကြပါပြီ။ Samsung , Huawei , OPPO , Vivo , Xiaomi နဲ့ အခြား ဖုန်း ကုမ္ပဏီများက 48MP Camera ပါတဲ့ စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချနေကြပါတယ်။ ဆမ်ဆောင်းက ဒီနှစ် ဒုတိယ နှစ်ဝက်မှာ 64MP Camera များကို အမြောက်အများ ထုတ်လုပ်ရောင်းချမယ်လို့ ထင်ရပါတယ်။ ဒီနှစ်ထဲမှာပဲ 64MP Camera ပါတဲ့ စမတ်ဖုန်းတွေ ထွက်လာနိုင်ပါတယ်။

Samsung က 64MP Camera ပါတဲ့ Galaxy A70S ကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ Galaxy A70S ကို ၂၀၁၉ ခုနှစ် ဒုတိယ နှစ်ဝက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ သူ့ရဲ့ 64MP Camera Sensor ဟာ Low-light Photo များအတွက် အလွန်ကို ကောင်းမွန်မှာ ဖြစ်ပါတယ်။ Dynamic Range များကလည်း အရမ်းကို လန်းမှာ ဖြစ်ပါတယ်။

Ref : fonearena

%d bloggers like this: