0 Shares 34 Views


Jun 16, 2019
0 34




Ref : digitaltrends

[Unicode]

Pokemon Go ရဲ့ Hacked Version များကို ဖန်တီးသူများအား Niantic Labs က တရားစွဲ

Niantic Labs က ၂၀၁၆ ခုနှစ်မှာ ဖြန့်ချီခဲ့တဲ့ Pokemon Go အမည်ရ Augmented Reality Game ဟာ အလွန် ပေါက်ခဲ့ပါတယ်။ လမ်းမများကို ထွက်ပြီး အကောင်များကို ဖုန်းနဲ့ ရှာဖွေဖမ်းဆီးရတဲ့ ဂိမ်း ဖြစ်ပါတယ်။ သူ့ကြောင့် အများပြည်သူ လမ်းမများမှာ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ကြပါတယ်။ ဂိမ်းတစ်ခုပေါက်ရင် သူ့ရဲ့ Hacked Version များ ပေါ်လာတတ်ကြပါတယ်။ အဲဒီ Hacked Version များမှာ Cheat လုပ်လို့ရအောင် ပြုလုပ်ပေးထားပါတယ်။

Pokemon Go ကို ၂၀၁၆ ခုနှစ်မှာ စတင် ဖြန့်ချီစဉ်ကတည်းက Niantic Labs ဟာ Cheat လုပ်တဲ့ ပြဿနာများကို တိုက်ဖျက်ခဲ့ရတာ ဖြစ်ပါတယ်။ အခုလည်း Niantic Labs က Pokemon Go နဲ့ Ingress များရဲ့ Hacked Versions များကို ဖန်တီးနေတဲ့ ဟက်ကာ အုပ်စုတစ်ခုကို တရားစွဲလိုက်ပါတယ်။ ဟက်ကာအုပ်စုရဲ့ အမည်က Global++ ဖြစ်ပြီး သူတို့ဟာ Hacked Version များ ဖြစ်တဲ့ PokeGo++ နဲ့ Ingress++ များကို ဖန်တီးထားတာ ဖြစ်ပါတယ်။

ဟက်ကာ အုပ်စုဟာ အဲဒီ ဂိမ်းများကနေ ဝင်ငွေ ရရှိနေကြတယ်လို့ Niantic Labs က ပြောပါတယ်။ ကုမ္ပဏီက လူပေါင်း ၂၀ ကျော်ကို တရားစွဲထားပါတယ်။ အဲဒီအထဲမှာ Ryan “ElliotRobot” Hunt ဟာ ဟက်ကာ အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်ပြီး Hacked Version များကို အဓိက ဖန်တီးသူ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အဓိက ခေါင်းဆောင် နောက်တစ်ယောက်က Alen “iOS n00b” Hundur ဖြစ်ပါတယ်။ သူက Hacked Version များကို ကူညီ ဖန်တီးပေးသူ ဖြစ်ပြီး YouTube မှာ အရောင်းမြှင့်တင်ပေးသူ ဖြစ်ပါတယ်။

Ref : digitaltrends

You may be interested

Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်
Google, HUBS, NEWS
0 shares0 views

Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်

Ko Thuya - Jul 20, 2019

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း ဒီနှစ်ထဲမှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook
Audio & Video, Facebook, HUBS
0 shares6 views

Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook

Ko Thuya - Jul 20, 2019

Facebook က Group များအတွက် Watch Party ကို ထည့်သွင်းပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်က ဂရုထဲမှ လူများ ဗီဒီယိုတစ်ခုကို အတူတကွ ကြည့်ရှုနိုင်ပြီး ဗီဒီယိုနဲ့ ပတ်သက်တဲ့ ကွန်းမန့်များကို ရေးသားနိုင်မှာ ဖြစ်ပါတယ်။ ကြည့်ရှုတဲ့ လူများကို Watch Party…

အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram
NEWS, Security & Safety
0 shares6 views

အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram

Ko Thuya - Jul 20, 2019

အင်စတာဂရမ်က သူ့ရဲ့မူဝါဒ အချို့ကို ပြောင်းလဲမှုများ ပြုလုပ်လိုက်ပါတယ်။ သူ့ရဲ စည်းကမ်းများကို မလိုက်နာသူများအား အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို ကြိုတင် သတိပေးတော့မှာဖြစ်ပါတယ်။ အင်စတာဂရမ်က သူဖယ်ရှားမယ့် User ရဲ့ Posts, Comments , Stories များကို အသိပေးမှာ ဖြစ်ပြီး ဘာ့ကြောင့်…

Leave a Comment

Most from this category