ဓါတ်ပုံများ ထွက်လာတဲ့ Google Pixel 4

Google Pixel 4 ရဲ့ ဓါတ်ပုံများ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အနောက်ဘက်မှာ ကင်မရာ နှစ်လုံး တပ်ဆင်ထားပြီး ကင်မရာများကို လေးထောင့်ဘောင်ထဲမှာ ထည့်ထားပါတယ်။ ယခင်ကတော့ သူ့မှာ အရှေ့ ကင်မရာ ၂ လုံးပါမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ အခုပုံများမှာ အရှေ့ဘက်ကို မပြသထားပါဘူး။

Google ရဲ့ ပထမဆုံး Gesture အခြေပြု Navigation System ကို Android 9 Pie မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို ထည့်သွင်းထားတဲ့ ဖုန်းများမှာ Software or Hardware Nvigation Buttons များအစား Gesture အခြေပြု Navigation စနစ်ကို အသုံးပြုနိုင်ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချမယ့် Pixel 4 မှာ Physical Button များ ပါမှာ မဟုတ်ဘူးလို့ သတင်းထွက်နေပါတယ်။ Software Navigation Buttons များ မပါဘဲ Gesture များကိုသာ အသုံးပြုနိုင်မယ်လို့ ထင်ရပါတယ်။

စကရင်ရဲ့ အောက်ခြေ အလယ်မှာ ဆေးလုံး ပုံသဏ္ဍာန် ဆော့ဖ်ဝဲ ခလုတ်တစ်ခုပါလာမှာပါ။ လိုအပ်တဲ့ အခါမှသာ ပြသပေးတဲ့ Back Button ဟာ သူ့ရဲ့ ဘေးမှာ ရှိနေမှာပါ။ သူ့မှာ 4GB RAM , 64GB Storage များ ပါလာမယ်လို့ သိရပါတယ်။ သူ့အရင်ကတော့ 128GB Storage ပါမယ်လို့ သတင်းထွက်ထားပါတယ်။

သူ့မှာ အရွယ်ကြီးမားတဲ့ Notch ထည့်သွင်းထားတာက အရှေ့ကင်မရာ ၂ လုံး ပါလာနိုင်ပါတယ်။ သူ့ကို အားသွင်းပေးမယ့် Pixel Stand ကိုလည်း ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ Pixel Stand မှာ Google Assistant ပါလာနိုင်ပါတယ်။ သဘောက သင့်ဖုန်းကို Pixel Stand မှာ စိုက်ထားပြီး Lock လုပ်ထားချိန်မှာ Google Assistant ကို မေးခွန်းများ မေးနိုင်မှာပါ။

Ref : gsmarena

ဓါတ်ပုံများ ထွက်လာတဲ့ Google Pixel 4

%d bloggers like this: