သင့္ စမတ္ဖုန္းမွာ မိုဘိုင္း ေဒတာ သက္သာေစမယ့္ App မ်ား

Android မွာ Facebook လို လူမႈကြန္ရက္မ်ား အသံုးျပဳျခင္း၊ ၀က္ဆိုက္မ်ားၾကည့္ျခင္း အပါအ၀င္ အင္တာနက္ အသံုးျပဳတဲ့ လူမ်ားအတြက္ မိုဘိုင္းေဒတာကို သက္သာေစတဲ့ Apps မ်ား ရွိပါတယ္။ အဲဒီ Apps မ်ားထဲမွ သင္နဲ႔ သင့္ေတာ္တဲ့ တစ္ခုကို ေရြးခ်ယ္ အသံုးျပဳရင္ေတာ့ ဖုန္းေဘကို သက္သာေစမွာ ျဖစ္ပါတယ္။

Opera Max

Opera Max က သင့္ရဲ႕ မိုဘုိင္းေဒတာကို ၅၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ သူက ေဒတာမ်ားကို ခ်ံဳ႕ေပးတဲ့ VPN ျဖစ္ပါတယ္။ သင့္ဖုန္းမွ App တစ္ခုက အင္တာနက္ ခ်ိတ္ဆက္တဲ့အခါမွာ သူ႔ရဲ႕ ဆာဗာမ်ားကေန ျဖတ္သန္းစီးဆင္းေစၿပီး သင့္ဖုန္းထံ ေဒတာမ်ား ေဒါင္းလုပ္ မလုပ္ခင္မွာ ခ်ံဳ႕ေပးပါတယ္။ သူက မိုဘိုင္းေဒတာနဲ႔ ၀ိုင္ဖိုင္ ၂ မ်ိဳးစလံုးအတြက္ အလုပ္လုပ္ေပးၿပီး YouTube အပါအ၀င္ App အားလံုးအတြက္ ေဒတာမ်ားကို ခ်ံဳ႕ေပးပါတယ္။ သူက VPN ျဖစ္တဲ့အတြက္ အင္တာနက္မွာ သင့္ကို ေျခရာေဖ်ာက္ေပးႏုိင္ပါေသးတယ္။

Download

Opera Browser & Opera Mini

၀က္ဆိုက္မ်ား ၾကည့္ရႈမႈမ်ားသူမ်ားအတြက္ Opera Browser ကို သံုးႏုိင္ပါတယ္။ သူ႔မွာ Opera Turbo လို႔ေခၚတဲ့ ေဒတာသက္သာေစတဲ့ စြမ္းေဆာင္ခ်က္ ပါပါတယ္။ ဒီစြမ္းေဆာင္ခ်က္က ဓါတ္ပံု၊ ဗီဒီယိုမ်ား အပါအ၀င္ ၀က္ဆိုက္မ်ားမွ ေဒတာမ်ားကို ၅၀ ရာခုိင္ႏႈန္းအထိ ခ်ံဳ႕ေပးပါတယ္။ ဒီထက္ပိုၿပီး ေဒတာ သက္သာခ်င္ရင္ Opera Mini ကို အသံုးျပဳပါ။ ဒါေပမယ့္ သူ႔မွာ Opera ရဲ႕ စြမ္းေဆာင္ခ်က္ အခ်ိဳ႕ေတာ့ မပါပါဘူး

Download Opera or Opera Mini

NetGuard

ေနာက္ကြယ္မွာ သင္ မသိဘဲ Run ေနတဲ့ Apps မ်ားကလည္း မိုဘိုင္းေဒတာကို ကုန္ေစပါတယ္။ Firewall App ျဖစ္တဲ့ NetGuard က သင့္ဖုန္းမွ အင္တာနက္ ခ်ိ္တ္ဆက္ႏိုင္မယ့္ Apps မ်ားကို ေကာင္းစြာ ထိန္းခ်ဳပ္ခြင့္ေပးပါတယ္။ App တစ္ခုခ်င္းစီအတြက္ မိုဘုိင္းေဒတာ၊ ၀ိုင္ဖိုင္ အသံုးျပဳျခင္းကို ပိတ္ပင္၊ ခြင့္ျပဳေပးႏိုင္ပါတယ္။

Download

My Data Manager

My Data Manager က ေဒတာ အသံုးျပဳတဲ့ Apps မ်ားနဲ႔ အသံုးျပဳတဲ့ ပမာဏကို တြက္ခ်က္ေပးပါတယ္။ ေဒတာ အသံုးျပဳမႈကို အခ်ိန္နဲ႔ တစ္ေျပးညီ Notification ျဖင့္ အသိေပးႏုိင္သလို Widget ကေနလည္း အခ်ိန္ျပည့္ သိႏိုင္ပါတယ္။ သင္ သတ္မွတ္ထားတဲ့ ေဒတာပမာဏကို မေက်ာ္သြားေအာင္လည္း သူက အသိေပးေနမွာပါ။

Download

ref : makeuseof

[Unicode]

သင့် စမတ်ဖုန်းမှာ မိုဘိုင်း ဒေတာ သက်သာစေမယ့် App များ

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ဝက်ဆိုက်များကြည့်ခြင်း အပါအဝင် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ် အသုံးပြုရင်တော့ ဖုန်းဘေကို သက်သာစေမှာ ဖြစ်ပါတယ်။

Opera Max

Opera Max က သင့်ရဲ့ မိုဘိုင်းဒေတာကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ သူက ဒေတာများကို ချုံ့ပေးတဲ့ VPN ဖြစ်ပါတယ်။ သင့်ဖုန်းမှ App တစ်ခုက အင်တာနက် ချိတ်ဆက်တဲ့အခါမှာ သူ့ရဲ့ ဆာဗာများကနေ ဖြတ်သန်းစီးဆင်းစေပြီး သင့်ဖုန်းထံ ဒေတာများ ဒေါင်းလုပ် မလုပ်ခင်မှာ ချုံ့ပေးပါတယ်။ သူက မိုဘိုင်းဒေတာနဲ့ ဝိုင်ဖိုင် ၂ မျိုးစလုံးအတွက် အလုပ်လုပ်ပေးပြီး YouTube အပါအဝင် App အားလုံးအတွက် ဒေတာများကို ချုံ့ပေးပါတယ်။ သူက VPN ဖြစ်တဲ့အတွက် အင်တာနက်မှာ သင့်ကို ခြေရာဖျောက်ပေးနိုင်ပါသေးတယ်။

Download

Opera Browser & Opera Mini

ဝက်ဆိုက်များ ကြည့်ရှုမှုများသူများအတွက် Opera Browser ကို သုံးနိုင်ပါတယ်။ သူ့မှာ Opera Turbo လို့ခေါ်တဲ့ ဒေတာသက်သာစေတဲ့ စွမ်းဆောင်ချက် ပါပါတယ်။ ဒီစွမ်းဆောင်ချက်က ဓါတ်ပုံ၊ ဗီဒီယိုများ အပါအဝင် ဝက်ဆိုက်များမှ ဒေတာများကို ၅၀ ရာခိုင်နှုန်းအထိ ချုံ့ပေးပါတယ်။ ဒီထက်ပိုပြီး ဒေတာ သက်သာချင်ရင် Opera Mini ကို အသုံးပြုပါ။ ဒါပေမယ့် သူ့မှာ Opera ရဲ့ စွမ်းဆောင်ချက် အချို့တော့ မပါပါဘူး

Download Opera or Opera Mini

NetGuard

နောက်ကွယ်မှာ သင် မသိဘဲ Run နေတဲ့ Apps များကလည်း မိုဘိုင်းဒေတာကို ကုန်စေပါတယ်။ Firewall App ဖြစ်တဲ့ NetGuard က သင့်ဖုန်းမှ အင်တာနက် ချိတ်ဆက်နိုင်မယ့် Apps များကို ကောင်းစွာ ထိန်းချုပ်ခွင့်ပေးပါတယ်။ App တစ်ခုချင်းစီအတွက် မိုဘိုင်းဒေတာ၊ ဝိုင်ဖိုင် အသုံးပြုခြင်းကို ပိတ်ပင်၊ ခွင့်ပြုပေးနိုင်ပါတယ်။

Download

My Data Manager

My Data Manager က ဒေတာ အသုံးပြုတဲ့ Apps များနဲ့ အသုံးပြုတဲ့ ပမာဏကို တွက်ချက်ပေးပါတယ်။ ဒေတာ အသုံးပြုမှုကို အချိန်နဲ့ တစ်ပြေးညီ Notification ဖြင့် အသိပေးနိုင်သလို Widget ကနေလည်း အချိန်ပြည့် သိနိုင်ပါတယ်။ သင် သတ်မှတ်ထားတဲ့ ဒေတာပမာဏကို မကျော်သွားအောင်လည်း သူက အသိပေးနေမှာပါ။

Download

ref : makeuseof

%d bloggers like this: