အေမရိကန္မွာ ေမာင္းသူမဲ့ ေက်ာင္းကားမ်ားကို စမ္းသပ္ေန

Transdev Company က ယခုလ အေစာပိုင္းမွာ ဖေလာ္ရီဒါတြင္ ေမာင္းသူမဲ့ ေက်ာင္းကားကို ျပသခဲ့ပါတယ္။ ကုမၸဏီက ေက်ာင္းသားမ်ားကို ေက်ာင္းသို႔ ေမာင္းသူမဲ့ ကားျဖင့္ စမ္းသပ္ ပို႔ေဆာင္ေနပါတယ္။ Fort Myers ရဲ႕ အျပင္ဘက္မွ ၿမိဳ႕ငယ္ေလး ျဖစ္တဲ့ Babcock Ranch ဟာ ေနေရာင္ျခည္ စြမ္းအင္ကိုသာ သံုးတဲ့ ၿမိဳ႕အျဖစ္ ေၾကြးေၾကာ္ထားပါတယ္။ အခုေတာ့ ေမာင္းသူမဲ့ ေက်ာင္းကားကို စမ္းသပ္တဲ့ ကမာၻ႕ ပထမဆံုး ၿမိဳ႕ျဖစ္လာပါတယ္။

ေမာင္းသူမဲ့ ကားမ်ားဟာ လာမယ့္ ဆယ္စုႏွစ္အတြင္းမွာ သယ္ယူပို႔ေဆာင္ေရး နယ္ပယ္ကို တစ္ေခတ္ဆန္းေစေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ယခု စမ္းသပ္မႈမွာ အရြယ္ေရာက္ၿပီး သူမ်ားနဲ႔ စတင္ မစမ္းသပ္ဘဲ ေက်ာင္းသား ကေလးငယ္မ်ားနဲ႔ စမ္းသပ္တဲ့အတြက္ အႏၱရာယ္မ်ားတယ္လို႔ ကြ်မ္းက်င္သူမ်ားက ေထာက္ျပၾကပါတယ္။

Transdev ကေတာ့ သူတို႔ရဲ႕ ေမာင္းသူမဲ့ ကားမ်ားကို အဲဒီ လမ္းေၾကာင္းမွာ စမ္းသပ္ေနတာ လမ်ားစြာ ၾကာၿပီိလို႔ ေၾကညာထားပါတယ္။ သူတို႔ရဲ႕ ကားမ်ားဟာ သာမာန္ လူေမာင္းတဲ့ ကားမ်ားေလာက္ ယံုၾကည္စိတ္ခ်ရတယ္လို႔ အာမခံလိုက္ပါတယ္။

ဒါေပမယ့္ ေမာင္းသူမဲ့ ကားမ်ားေၾကာင့္ လူေသဆံုးမႈမ်ား ျဖစ္ပြားေနပါတယ္။ ဧၿပီလမွာ AAA က ျပဳလုပ္ခဲ့တဲ့ စစ္တမ္းအရ အရြယ္ေရာက္ၿပီးသူ ၇၃ ရာခုိင္ႏႈန္းဟာ ေမာင္းသူမဲ့ ကားမ်ားကို မယံုၾကည္ၾကဘူးလို႔ သိရပါတယ္။ ယခင္ႏွစ္ကေတာ့ ၈၀ ရာခုိင္ႏႈန္းက မယံုၾကည္ဘူးလို႔ စစ္တမ္းက ေဖာ္ျပထားပါတယ္။ အျခား စစ္တမ္းမ်ားက ေမာင္းသူမဲ့ ကားမ်ားဟာ သာမာန္ လူမ်ား ေမာင္းႏွင္ထက္ ကားမ်ားထက္ ပိုမို စိတ္ခ်ယံုၾကည္ရတယ္လို႔ ဆိုထားၾကပါတယ္။

Ref : tnw

[Unicode]

အမေရိကန်မှာ မောင်းသူမဲ့ ကျောင်းကားများကို စမ်းသပ်နေ

Transdev Company က ယခုလ အစောပိုင်းမှာ ဖလော်ရီဒါတွင် မောင်းသူမဲ့ ကျောင်းကားကို ပြသခဲ့ပါတယ်။ ကုမ္ပဏီက ကျောင်းသားများကို ကျောင်းသို့ မောင်းသူမဲ့ ကားဖြင့် စမ်းသပ် ပို့ဆောင်နေပါတယ်။ Fort Myers ရဲ့ အပြင်ဘက်မှ မြို့ငယ်လေး ဖြစ်တဲ့ Babcock Ranch ဟာ နေရောင်ခြည် စွမ်းအင်ကိုသာ သုံးတဲ့ မြို့အဖြစ် ကြွေးကြော်ထားပါတယ်။ အခုတော့ မောင်းသူမဲ့ ကျောင်းကားကို စမ်းသပ်တဲ့ ကမ္ဘာ့ ပထမဆုံး မြို့ဖြစ်လာပါတယ်။

မောင်းသူမဲ့ ကားများဟာ လာမယ့် ဆယ်စုနှစ်အတွင်းမှာ သယ်ယူပို့ဆောင်ရေး နယ်ပယ်ကို တစ်ခေတ်ဆန်းစေတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယခု စမ်းသပ်မှုမှာ အရွယ်ရောက်ပြီး သူများနဲ့ စတင် မစမ်းသပ်ဘဲ ကျောင်းသား ကလေးငယ်များနဲ့ စမ်းသပ်တဲ့အတွက် အန္တရာယ်များတယ်လို့ ကျွမ်းကျင်သူများက ထောက်ပြကြပါတယ်။

Transdev ကတော့ သူတို့ရဲ့ မောင်းသူမဲ့ ကားများကို အဲဒီ လမ်းကြောင်းမှာ စမ်းသပ်နေတာ လများစွာ ကြာပြီလို့ ကြေညာထားပါတယ်။ သူတို့ရဲ့ ကားများဟာ သာမာန် လူမောင်းတဲ့ ကားများလောက် ယုံကြည်စိတ်ချရတယ်လို့ အာမခံလိုက်ပါတယ်။

ဒါပေမယ့် မောင်းသူမဲ့ ကားများကြောင့် လူသေဆုံးမှုများ ဖြစ်ပွားနေပါတယ်။ ဧပြီလမှာ AAA က ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ အရွယ်ရောက်ပြီးသူ ၇၃ ရာခိုင်နှုန်းဟာ မောင်းသူမဲ့ ကားများကို မယုံကြည်ကြဘူးလို့ သိရပါတယ်။ ယခင်နှစ်ကတော့ ၈၀ ရာခိုင်နှုန်းက မယုံကြည်ဘူးလို့ စစ်တမ်းက ဖော်ပြထားပါတယ်။ အခြား စစ်တမ်းများက မောင်းသူမဲ့ ကားများဟာ သာမာန် လူများ မောင်းနှင်ထက် ကားများထက် ပိုမို စိတ်ချယုံကြည်ရတယ်လို့ ဆိုထားကြပါတယ်။

Ref : tnw

%d bloggers like this: