Huawei က သူ႔ OS ပါတဲ့ Device မ်ားကို ေအာက္တိုဘာလမွာ ေရာင္းမည္

တရုတ္မွ သတင္းမ်ားအရ Huawei ဟာ သူ႔ကိုယ္ပုိင္ HongMeng OS ပါတဲ့ Device မ်ားကို ေအာက္တိုဘာလမွာ စတင္ ေရာင္းခ်မယ္လို႔ သိရပါတယ္။ ႏုိင္ငံတကာမွာေတာ့ Ark OS အမည္နဲ႔ ေရာင္းခ်ႏိုင္ပါတယ္။ ဒါေပမယ့္ အဲဒီ OS ကို Mate 30 Series မ်ားမွာ ထည့္သြင္းထားမွာ မဟုတ္ပါဘူး။ တရုတ္မွာ ေရာင္းခ်မယ့္ စြမ္းေဆာင္ရည္နိမ့္နဲ႔ စြမ္းေဆာင္ရည္သင့္ စမတ္ဖုန္းမ်ားမွာ HongMeng OS ကို ထည့္သြင္းထားႏိုင္ပါတယ္။

Global Times ရဲ႕ သတင္းအရ အဲဒီ OS အသစ္ကို Tencent နဲ႔ အတူ ဟြာေ၀းက ပူးေပါင္းထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။ OPPO နဲ႔ Vivo တို႔ကလည္း အဲဒီ OS ကို စမ္းသပ္ၿပီးၿပီ ျဖစ္ၿပီး Google ရဲ႕ Android OS ထက္ ၆၀ ရာခုိင္ႏႈန္း ပိုမို ျမန္ဆန္တယ္လို႔ သိရပါတယ္။

အဲဒီ OS ဟာ ႏိုင္ငံတကာမွ စားသံုးသူမ်ားရဲ႕ လိုအပ္ခ်က္နဲ႔ မျပည့္စံုေသးတဲ့ အတြက္ တရုတ္မွာ အဲဒီ OS ကို စတင္ ျဖန္႔ခ်ီေပးတာ ျဖစ္ပါတယ္။ Huawei ရဲ႕ Ecosystem သာ ေကာင္းမြန္လာမယ္ဆိုရင္ ေနာက္ႏွစ္မွာ ေၾကညာမယ့္ Mate 30 , P40 Series မ်ားမွာ အဲဒီ OS ကို ထည့္သြင္းထားႏိုင္ပါတယ္။

အေမရိကန္ရဲ႕ စီးပြားေရး ပိတ္ပင္မႈမ်ားရွိေနေပမယ့္လည္း ဟြာေ၀းဟာ ၂၀၁၈ ခုႏွစ္ရဲ႕ ဖုန္းေရာင္းအား ျဖစ္တဲ့ သန္း ၂၀၀ ကို ေက်ာ္သြားႏိုင္မယ္လို႔ ပညာရွင္မ်ားက တြက္ခ်က္ထားပါတယ္။ ၂၀၁၉ ခုႏွစ္မွာ အလံုးေရ ၂၁၅ သန္းကေန ၂၂၅ သန္း အထိ ေရာင္းခ်ရမယ္လို႔ ေျပာပါတယ္။ ဟြာေ၀းဟာ သူ႔ရဲ႕ ကမာၻ႕ ဒုတိယ အႀကီးမားဆံုး စမတ္ဖုန္း ကုမၸဏီေနရာကို ဆုပ္ကိုင္ထားႏိုင္မယ္လို႔ သံုးသပ္ထားပါတယ္။

Ref : gsmarena

[Unicode]

Huawei က သူ့ OS ပါတဲ့ Device များကို အောက်တိုဘာလမှာ ရောင်းမည်

တရုတ်မှ သတင်းများအရ Huawei ဟာ သူ့ကိုယ်ပိုင် HongMeng OS ပါတဲ့ Device များကို အောက်တိုဘာလမှာ စတင် ရောင်းချမယ်လို့ သိရပါတယ်။ နိုင်ငံတကာမှာတော့ Ark OS အမည်နဲ့ ရောင်းချနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ OS ကို Mate 30 Series များမှာ ထည့်သွင်းထားမှာ မဟုတ်ပါဘူး။ တရုတ်မှာ ရောင်းချမယ့် စွမ်းဆောင်ရည်နိမ့်နဲ့ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများမှာ HongMeng OS ကို ထည့်သွင်းထားနိုင်ပါတယ်။

Global Times ရဲ့ သတင်းအရ အဲဒီ OS အသစ်ကို Tencent နဲ့ အတူ ဟွာဝေးက ပူးပေါင်းထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ OPPO နဲ့ Vivo တို့ကလည်း အဲဒီ OS ကို စမ်းသပ်ပြီးပြီ ဖြစ်ပြီး Google ရဲ့ Android OS ထက် ၆၀ ရာခိုင်နှုန်း ပိုမို မြန်ဆန်တယ်လို့ သိရပါတယ်။

အဲဒီ OS ဟာ နိုင်ငံတကာမှ စားသုံးသူများရဲ့ လိုအပ်ချက်နဲ့ မပြည့်စုံသေးတဲ့ အတွက် တရုတ်မှာ အဲဒီ OS ကို စတင် ဖြန့်ချီပေးတာ ဖြစ်ပါတယ်။ Huawei ရဲ့ Ecosystem သာ ကောင်းမွန်လာမယ်ဆိုရင် နောက်နှစ်မှာ ကြေညာမယ့် Mate 30 , P40 Series များမှာ အဲဒီ OS ကို ထည့်သွင်းထားနိုင်ပါတယ်။

အမေရိကန်ရဲ့ စီးပွားရေး ပိတ်ပင်မှုများရှိနေပေမယ့်လည်း ဟွာဝေးဟာ ၂၀၁၈ ခုနှစ်ရဲ့ ဖုန်းရောင်းအား ဖြစ်တဲ့ သန်း ၂၀၀ ကို ကျော်သွားနိုင်မယ်လို့ ပညာရှင်များက တွက်ချက်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ အလုံးရေ ၂၁၅ သန်းကနေ ၂၂၅ သန်း အထိ ရောင်းချရမယ်လို့ ပြောပါတယ်။ ဟွာဝေးဟာ သူ့ရဲ့ ကမ္ဘာ့ ဒုတိယ အကြီးမားဆုံး စမတ်ဖုန်း ကုမ္ပဏီနေရာကို ဆုပ်ကိုင်ထားနိုင်မယ်လို့ သုံးသပ်ထားပါတယ်။

Ref : gsmarena

%d bloggers like this: