Samsung Galaxy Note 10 ကို သြဂုတ်လနဲ့ iPhone 11 ကို စက်တင်ဘာလမှာ ကြေညာမည်

ထုံးစံအတိုင်းဆိုရင် Samsung Galaxy Note 10 ကို သြဂုတ်လနဲ့ iPhone 11 ကို စက်တင်ဘာလမှာ ကြေညာမှာဖြစ်ပါတယ်။ ဒါပေမယ့် Verizon ရဲ့ Marketing Calendar အရဆိုရင် ဒီနှစ်မှာ ကြေညာမယ့် အချိန် အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။

နည်းပညာ လောကမှ သတင်းအချက်အလက်များကို ကြိုတင်မျှဝေရာမှာ နာမည်ကြီးတဲ့ Evan Blass က Verizon ရဲ့ Marketing Calendar ကို Screenshot ရိုက်ပြီး မျှဝေလိုက်ပါတယ်။ အဲဒီမှာ Galaxy Note 10 ကို သြဂုတ်လရဲ့ တတိယ အပတ်မှာ ရောင်းမယ်လို့ ဖော်ပြထားပါတယ်။ ပုံမှန်အားဖြင့် ပထမ အပတ်မှာ ရောင်းချလေ့ရှိပါတယ်။

အရင်ကတော့ သြဂုတ်လ ၁၀ ရက်နေ့မှာ ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ iPhone 11 များကိုတော့ စက်တင်ဘာလမှာ ရောင်းချမှာ ဖြစ်ပါတယ်။ တတိယ သို့မဟုတ် စတုတ္ထပတ်များမှာ ရောင်းချနိုင်ပါတယ်။ Google Pixel 4 ကို အောက်တိုဘာလလယ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena

Samsung Galaxy Note 10 ကို သြဂုတ်လနဲ့ iPhone 11 ကို စက်တင်ဘာလမှာ ကြေညာမည်

%d bloggers like this: