0 Shares 121 Views


Jun 14, 2019
0 121





Ref : gsmarena

[Unicode]

ZTE Axon 10 Pro 5G ကို တရုတ်မှာ ရောင်းပြီ

ZTE Axon 10 Pro ကို ပြီးခဲ့တဲ့ တစ်လက ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ 5G Version ကို တရုတ်လမှာ နောက်လတွင် ရောင်းချပေးတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လက သူ့ကို ဖင်လန်မှာ ရောင်းချပေးခဲ့ပါတယ်။ သူဟာ တရုတ်မှာ ရောင်းချတဲ့ ပထမဆုံး 5G Phone ဖြစ်လာမှာပါ။ သူ့မှာ 5G ပါတာကလွဲပြီး အခြား Specs များက သာမာန် မော်ဒယ်နဲ့ တူညီပါတယ်။

သူဟာ ယခင်နှစ်ထုတ် Axon 9 Pro ကိုများစွာ အဆင့်မြှင့်ထားတာပါ။ အရွယ်ကြီး Notch အစား အရွယ်သေး Notch ကို အစားထိုးထားပါတယ်။ လက်ဗွေရာ ကိရိယာကို အနောက်အစား မျက်နှာပြင်အောက်မှာ ထည့်ထားပါတယ်။

ကင်မရာ ၂ လုံးတပ် အစား ၃ လုံး ထည့်သွင်းထားပါတယ်။ အနောက်ကင်မရာ ၃ လုံးထဲမှာ 48MP Camera ပါပါတယ်။ ဒုတိယ တစ်လုံးမှာ 20MP Ultra Wide Camera ဖြစ်ပါတယ်။ တတိယ တစ်လုံးမှာ 8MP Telephoto Camera ဖြစ်ပါတယ်။ 48MP မှာ Pixel Binning နည်းပညာပါတဲ့ အတွက် Low light Photo တွေ ကောင်းပါတယ်။ အရှေ့ဘက်မှာ 20MP Camera ပါပါတယ်။

သူ့ရဲ့ မျက်နှာပြင် အရွယ်အစားမှာ ၆.၄၇ လက်မ ဖြစ်ပြီး 1080x2340p Resolution ဖြစ်ပါတယ်။ 6GB RAM , 128GB Storage များ ထည့်သွင်းထားပါတယ်။ X50 5G Modem ပါတဲ့ Snapdragon 855 Chipset ထည့်သွင်းထားမှာပါ။ 6/128GB Model ကို ၄၆၂ ဒေါ်လာနဲ့ 12/256GB Model ကို ၆၀၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena

You may be interested

Triple Rear Cameras များပါမယ့် Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras များပါမယ့် Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ့ Exynos Chipset ပါတာ One Vision တစ်လုံးထဲ မဟုတ်တော့ပါဘူး။ Motorola ရဲ့ နောက်ထုတ်မယ့် One Action မှာလည်း ပါလာတော့မှာပါ။ အဲဒီ One Phone ၂ လုံးမှာ တူညီချက်များစွာ…

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
NEWS, Science, Softwares & Application
0 shares0 views

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်

Ko Thuya - Jun 16, 2019

ဂျပန်မှ Advanced Industrial Science and Technology, or AIST က နေအိမ် တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သူဟာ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုမှာ သူဟာ နံရံများကို…

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Jun 16, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို စုစည်းပေးလိုက်ပါတယ်။ 10/6/2019 Huawei က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ဖို့ စာချုပ်ချုပ်ပြီးပြီ အမေရိကန်နဲ့ ပူးပေါင်းတဲ့ နည်းပညာ ကုမ္ပဏီများအား နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ တရုတ် သတိပေး 11/6/2019 “Honor က ဒီနှစ်မှာ…

Leave a Comment

Most from this category