ဝိတ်ချချင်သူများအတွက် Calorie Counter

ကိုယ်လက်ကြံ့ခိုင်ရေးဟာ လူသားများအတွက် အလွန် အရေးကြီးပါတယ်။ ဒီနေ့ခေတ်မှာ အလုပ်များကြတဲ့အတွက် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ အခုတော့ အလွန် စမတ်ကျတဲ့ ဖုန်းများက သင့် ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်လာကြပါပြီ။ သင့်ရဲ့ ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ Android Apps များစွာ ထွက်ပေါ်လာပါပြီ။

Calorie Counter က သင်စားတဲ့ အစားအစာများမှာ ပါတဲ့ ကယ်လိုရီ ပမာဏကို တွက်ချက်ပေးနိုင်ပါတယ်။ MyFitnessPal က ဖန်တီးထားတာ ဖြစ်ပြီး Google Play Store မှ အကောင်းဆုံး Fitness App တစ်ခု ဖြစ်ပါတယ်။ သူ့ကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ Sign Up လုပ်ပြီး ပရိုဖိုင်တစ်ခုကို ဖန်တီးရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ ခန္တာကိုယ် အလေးချိန်၊ အရပ် အမြင့်စတဲ့ သင့်ရဲ့ ကိုယ်ရေး အချက်အလက်များကို အရင်ဆုံး ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ သူက သင် စားသင့်တဲ့ အစားအစာ ဇယားကွက်ကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

တစ်နေ့တာအတွင်း သင်စားတဲ့ အစားအစာများနဲ့ ပြုလုပ်တဲ့ လေ့ကျင့်ခန်းများကို သူက ၅ မိနစ်အတွင်း တွက်ချက်ပေးနိုင်ပါတယ်။ သူ့မှာ အစားအစာပေါင်း ၆ ၀၀၀ ၀၀၀ ကျော်ရဲ့ ကယ်လိုရီ ပမာဏများကို တွက်ချက်ထားတဲ့ Database ပါရှိပါတယ်။ သင် အစားအစာတစ်ခုကို မစားခင်မှာ သူ့ရဲ့ ကယ်လိုရီ ပမာဏကို App ကနေ ကြည့်နိုင်ပါတယ်။ သင် စားတဲ့ အစားအစာများကို သူ့မှာ ထည့်ပေးလိုက်တာနဲ့ သူက ကယ်လိုရီများကို တွက်ချက်ပေးမှာ ဖြစ်ပါတယ်။

စားသုံးတဲ့ ကယ်လိုရီ ပမာဏများပြားနေရင်လည်း သူက သင့်ကို အသိပေးနိုင်ပါတယ်။ အဲဒီအတွက် အဝမလွန်အောင် သူက သင့်ကို ကူညီပေးမှာ ဖြစ်ပါတယ်။ အင်တာနက်မှ အစားအစာများ၊ ဟင်းပွဲများကိုလည်း သူ့မှာ ထည့်သွင်းနိုင်ပါတယ်။ သူ့ကို Fitbit, Jawbone , Runkeeper , Runtastic တို့လို ကိရိယာများနဲ့ တွဲဖက် သုံးနိုင်ပါတယ်။ ကယ်လိုရီ အပြင် ပရိုတိန်း၊ အဆီနဲ့ အာဟာရများကိုလည်း သူက တွက်ချက်ပေးနိုင်ပါတယ်။

Download

ဝိတ်ချချင်သူများအတွက် Calorie Counter

%d bloggers like this: