0 Shares 1711 Views

Google Chrome ကို ပရို တစ္ေယာက္လို အသံုးျပဳနည္းမ်ား

Jun 13, 2019
0 1711

Google Chrome ဟာ ကမာၻမွာ လူသံုးအမ်ားဆံုး ၀က္ဘေရာက္စာ တစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ Google Chrome မွာ လူသိနည္းတဲ့ လွိ်ဳ႕၀ွက္ စြမ္းေဆာင္ခ်က္မ်ား ပါရွိပါတယ္။ အဲဒီအထဲမွာ Chrome ကို Text Editor လို အသံုးျပဳျခင္း၊ Address Bar ကေန သခ်ၤာတြက္ျခင္းစတဲ့ လွ်ိဳ႕၀ွက္ စြမ္းေဆာင္ခ်က္မ်ား ပါ၀င္ပါတယ္။

ေဒတာမ်ားကို Sync လုပ္ပါ။

Chrome မွာ သင့္ရဲ႕ Google အေကာင့္ျဖင့္ Signin ၀င္ျခင္းအားျဖင့္ Bookmarks , History , Passwords , Settings မ်ားကို Sync လုပ္ႏိုင္ပါတယ္။ ဒီလိုျပဳလုပ္ျခင္းျဖင့္ သင့္ရဲ႕ အျခား Device မ်ားကေန အဲဒီ ေဒတာမ်ားကို သံုးႏုိင္မွာပါ။ Chrome Settings ရဲ႕ ထိပ္ဆံုးမွာ Signin လုပ္ႏုိင္ပါတယ္။

ပရိုဖိုင္မ်ား ျပဳလုပ္ပါ။

သင့္မွာ အလုပ္၊ ကိုယ္ေရးကိုယ္တာ အတြက္ Google အေကာင့္ ၂ ခု ရွိရင္ ပရိုဖုိင္တစ္ခုစီအတြက္ Bookmarks နဲ႔ Settings မ်ားကို သီးျခားစီ သိမ္းဆည္းႏုိင္ပါတယ္။ ပရိုဖိုင္မ်ား ျပဳလုပ္ဖို႔ Chrome Settings> People က႑ေအာက္ကို သြားပါ။

ေျခရာေဖ်ာက္ၿပီး သံုးပါ။

Chrome မွာ သင္ၾကည့္ခဲ့တဲ့ ၀က္ဆိုက္မ်ား၊ ေဒါင္းလုပ္လုပ္ခဲ့တဲ့ အရာမ်ားကို အျခားလူမ်ား မသိေစခ်င္ရင္ Incognito Mode ကို သံုးပါ။ Chrome ရဲ႕ ညာဘက္အေပၚထိပ္မွ Menu ကို ႏွိပ္ၿပီး New incognito window ကို နွိပ္ပါ။ သင္ အသံုးျပဳၿပီးလို႔ ၀င္းဒိုးကို ပိတ္လိုက္တာနဲ႔ ေဒတာမ်ားကို ဖ်က္ေပးမွာပါ။

အေျခခံ Keyboard Command ကို သံုးပါ။

Chrome အတြက္ Keyboard Commands မ်ားစြာ ရွိပါတယ္။ ေအာက္မွာေတာ့ အသံုး၀င္တဲ့ Commands မ်ားကို ေဖာ္ျပလိုက္ပါတယ္။

• Ctrl/Command + T opens a new tab
• Ctrl/Command + W closes your current tab
• Ctrl/Command + Shift + T opens your last tab
• Ctrl/Command + L highlights whatever’s in the omnibar
• Ctrl/Command + Tab moves you a tab to the right
• Ctrl/Command + Shift + Tab moves you a tab to the left

Guest Mode ကို အသံုးခ်ပါ။

သင့္ သူငယ္ခ်င္းက သင့္ရဲ႕ လက္ေတာ့မွ Chrome ကို သံုးခ်င္တဲ့ အခါမွာ သင့္ရဲ႕ Bookmarks , History နဲ႔ အျခား ေဒတာမ်ားကို မသိေစခ်င္ရင္ လိပ္စာဘားရဲ႕ ညာဘက္မွ သင့္ ပရိုဖိုင္ကို ႏွိပ္ပါ။ Open guest window ကို ႏွိပ္ပါ။

သခ်ၤာတြက္ပါ။

Omnibar ဟာ ထူးျခားဆန္းျပားပါတယ္။ သူ႔ကို ဂဏန္းတြက္စက္လို သံုးႏုိင္ပါတယ္။ ဥပမာအားျဖင့္ 10×10 လို႔ရိုက္ၿပီး အန္းတားႏွိပ္ရင္ အေျဖကို တြက္ေပးမွာပါ။ အျခား Equation အားလံုးကိုလည္း တြက္ေပးႏုိင္ပါတယ္။

ဖြင့္ထားတဲ့ Web Pages မ်ားကို Bookmark မွတ္ပါ။

ဖြင့္ထားတဲ့ Web Pages မ်ားအားလံုးကို Bookmark မွတ္သားဖို႔အတြက္ Tab တစ္ခု အေပၚ Right-Click ႏွိပ္၍ “ Bookmark all tabs “ ကို နွိပ္ပါ။ သင္ဟာ သုေတသနတစ္ခုကို ျပဳလုပ္ေနတဲ့ အခ်ိန္မွာ ဒီစြမ္းေဆာင္ခ်က္က အသံုး၀င္ပါတယ္။

Tabs မ်ားကို လွ်င္ျမန္စြာ ပိတ္ပါ။

သင္ ဖြင့္ထားခ်င္တဲ့ Tab အေပၚကို Right-Click ႏွိပ္ၿပီး “ Close other tabs “ ကို ႏွိပ္ရင္ အျခား Tabs မ်ားကို ပိတ္ေပးမွာ ျဖစ္ပါတယ္။ “ Close tabs to the right “ ကို ႏွိပ္ရင္ ညာဘက္မွ Tabs မ်ားကို ပိတ္ေပးမွာ ျဖစ္ပါတယ္။

Text Editor လို သံုးပါ။

Chrome ကို Text Editor လို သံုးဖို႔အတြက္ လိပ္စာဘားမွာ data:text/html,ကို ရိုက္ထည့္ၿပီး အန္းတား ႏွိပ္ပါ။

Multimedia Player လို သံုးပါ။

သင့္ ကြန္ျပဴတာမွ မီဒီယာဖိုင္မ်ားကို Drag လုပ္ၿပီး Chrome Window ေပၚ တင္လိုက္ရင္ ဗီဒီယို၊ သီခ်င္းမ်ားကို နားဆင္ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

ref : pocket-lint

[Unicode]

Google Chrome ကို ပရို တစ်ယောက်လို အသုံးပြုနည်းများ

Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ဝက်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊ Address Bar ကနေ သင်္ချာတွက်ခြင်းစတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါဝင်ပါတယ်။

ဒေတာများကို Sync လုပ်ပါ။

Chrome မှာ သင့်ရဲ့ Google အကောင့်ဖြင့် Signin ဝင်ခြင်းအားဖြင့် Bookmarks , History , Passwords , Settings များကို Sync လုပ်နိုင်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဖြင့် သင့်ရဲ့ အခြား Device များကနေ အဲဒီ ဒေတာများကို သုံးနိုင်မှာပါ။ Chrome Settings ရဲ့ ထိပ်ဆုံးမှာ Signin လုပ်နိုင်ပါတယ်။

ပရိုဖိုင်များ ပြုလုပ်ပါ။

သင့်မှာ အလုပ်၊ ကိုယ်ရေးကိုယ်တာ အတွက် Google အကောင့် ၂ ခု ရှိရင် ပရိုဖိုင်တစ်ခုစီအတွက် Bookmarks နဲ့ Settings များကို သီးခြားစီ သိမ်းဆည်းနိုင်ပါတယ်။ ပရိုဖိုင်များ ပြုလုပ်ဖို့ Chrome Settings> People ကဏ္ဍအောက်ကို သွားပါ။

ခြေရာဖျောက်ပြီး သုံးပါ။

Chrome မှာ သင်ကြည့်ခဲ့တဲ့ ဝက်ဆိုက်များ၊ ဒေါင်းလုပ်လုပ်ခဲ့တဲ့ အရာများကို အခြားလူများ မသိစေချင်ရင် Incognito Mode ကို သုံးပါ။ Chrome ရဲ့ ညာဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပြီး New incognito window ကို နှိပ်ပါ။ သင် အသုံးပြုပြီးလို့ ဝင်းဒိုးကို ပိတ်လိုက်တာနဲ့ ဒေတာများကို ဖျက်ပေးမှာပါ။

အခြေခံ Keyboard Command ကို သုံးပါ။

Chrome အတွက် Keyboard Commands များစွာ ရှိပါတယ်။ အောက်မှာတော့ အသုံးဝင်တဲ့ Commands များကို ဖော်ပြလိုက်ပါတယ်။

• Ctrl/Command + T opens a new tab
• Ctrl/Command + W closes your current tab
• Ctrl/Command + Shift + T opens your last tab
• Ctrl/Command + L highlights whatever’s in the omnibar
• Ctrl/Command + Tab moves you a tab to the right
• Ctrl/Command + Shift + Tab moves you a tab to the left

Guest Mode ကို အသုံးချပါ။

သင့် သူငယ်ချင်းက သင့်ရဲ့ လက်တော့မှ Chrome ကို သုံးချင်တဲ့ အခါမှာ သင့်ရဲ့ Bookmarks , History နဲ့ အခြား ဒေတာများကို မသိစေချင်ရင် လိပ်စာဘားရဲ့ ညာဘက်မှ သင့် ပရိုဖိုင်ကို နှိပ်ပါ။ Open guest window ကို နှိပ်ပါ။

သင်္ချာတွက်ပါ။

Omnibar ဟာ ထူးခြားဆန်းပြားပါတယ်။ သူ့ကို ဂဏန်းတွက်စက်လို သုံးနိုင်ပါတယ်။ ဥပမာအားဖြင့် 10×10 လို့ရိုက်ပြီး အန်းတားနှိပ်ရင် အဖြေကို တွက်ပေးမှာပါ။ အခြား Equation အားလုံးကိုလည်း တွက်ပေးနိုင်ပါတယ်။

ဖွင့်ထားတဲ့ Web Pages များကို Bookmark မှတ်ပါ။

ဖွင့်ထားတဲ့ Web Pages များအားလုံးကို Bookmark မှတ်သားဖို့အတွက် Tab တစ်ခု အပေါ် Right-Click နှိပ်၍ “ Bookmark all tabs “ ကို နှိပ်ပါ။ သင်ဟာ သုတေသနတစ်ခုကို ပြုလုပ်နေတဲ့ အချိန်မှာ ဒီစွမ်းဆောင်ချက်က အသုံးဝင်ပါတယ်။

Tabs များကို လျှင်မြန်စွာ ပိတ်ပါ။

သင် ဖွင့်ထားချင်တဲ့ Tab အပေါ်ကို Right-Click နှိပ်ပြီး “ Close other tabs “ ကို နှိပ်ရင် အခြား Tabs များကို ပိတ်ပေးမှာ ဖြစ်ပါတယ်။ “ Close tabs to the right “ ကို နှိပ်ရင် ညာဘက်မှ Tabs များကို ပိတ်ပေးမှာ ဖြစ်ပါတယ်။

Text Editor လို သုံးပါ။

Chrome ကို Text Editor လို သုံးဖို့အတွက် လိပ်စာဘားမှာ data:text/html,ကို ရိုက်ထည့်ပြီး အန်းတား နှိပ်ပါ။

Multimedia Player လို သုံးပါ။

သင့် ကွန်ပြူတာမှ မီဒီယာဖိုင်များကို Drag လုပ်ပြီး Chrome Window ပေါ် တင်လိုက်ရင် ဗီဒီယို၊ သီချင်းများကို နားဆင်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ref : pocket-lint

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category