အေမရိကန္ေၾကာင့္ လက္ပ္ေတာ့ အသစ္ မိတ္ဆက္မႈကို ဖ်က္သိမ္းမယ့္ Huawei

Huawei က ဒီတစ္ပတ္ထဲမွာ ရွန္ဟိုင္းတြင္ က်င္းပမယ့္ CES Asia 2019 နည္းပညာ ျပပြဲမွာ MateBook Laptop အသစ္ ေၾကညာမႈကို ဖ်က္သိမ္းမယ္လို႔ Ars Technica က သတင္းေပးထားပါတယ္။ အေမရိကန္ရဲ႕ စီးပြားေရး ပိတ္ဆို႔မႈမ်ားေၾကာင့္ ျဖစ္ပါတယ္။ CNBC ရဲ႕ အဆိုအရ Huawei Consumer Division မွ စီအီးအို ရစ္ခ်တ္ယူ က အေမရိကန္ရဲ႕ ပိတ္ဆို႔မႈေၾကာင့္ ပီစီမ်ား မထုတ္လုပ္ႏုိင္ေတာ့ဘူးလို႔ ေျပာေၾကာင္း သိရပါတယ္။

စီအီးအိုက အေမရိကန္ရဲ႕ ပိတ္ပင္မႈ ကာလဘယ္ေလာက္ၾကာမယ္ဆိုတဲ့ အေပၚ မူတည္ၿပီးမွ လက္ပ္ေတာ့မ်ားကို ဆက္လက္ထုတ္လုပ္ေရာင္းခ်မယ္လို႔ ေျပာတယ္လို႔ သိရပါတယ္။ လက္ပ္ေတာ့မ်ားရဲ႕ ၀င္ေငြဟာ ဟြာေ၀းရဲ႕ Consumer Electronics လုပ္ငန္းမွ ၀င္ေငြ အားလံုးရဲ႕ အနည္းငယ္သာ ရွိပါတယ္။ ဒါေပမယ့္ ဟြာေ၀းဟာ ၂၀၁၉ ခုႏွစ္မွာ ပီစီ လုပ္ငန္းကေန အျမတ္မ်ားစြာ ရဖို႔ ရည္ရြယ္ထားတာပါ။

အေမရိကန္ရဲ႕ စီးပြားေရး ပိတ္ပင္္မႈေၾကာင့္ ဟြာေ၀းဟာ အေမရိကန္ ကုမၸဏီမ်ားထံမွ နည္းပညာမ်ားကို ၀ယ္ယူလို႔ မရေတာ့ပါဘူး။ ဟြာေ၀းဟာ ႏွစ္စဥ္ Semiconductors မ်ားကို ေဒၚလာ ၂၀ ဘီလီယမ္ဖိုး ၀ယ္ယူေလ့ရွိပါတယ္။ အမ်ားစုက အေမရိကန္ ကုမၸဏီမ်ားထံကပါ။ Intel, ARM , Qualcomm , Broadcom တို႔က ဟြာေ၀းအား သူတို႔ရဲ႕ ခ်စ္ပ္မ်ားကို မေရာင္းေတာ့ပါဘူး။

ဟြာေ၀းဟာ စမတ္ဖုန္း ပေရာ္ဆက္ဆာမ်ားကို ကိုယ္တိုင္ ထုတ္လုပ္တဲ့ အတြက္ သူ႔ရဲ႕ စမတ္ဖုန္း စီးပြားေရးကိုေတာ့ မထိခိုက္ပါဘူး။ ဒါေပမယ့္ ဂူဂယ္လ္ရဲ႕ အန္းဒရြိဳက္ ေမာင္းႏွင္စနစ္ကိုေတာ့ အသံုးျပဳလို႔ မရေတာ့ပါဘူး။ ဟြာေ၀းကလည္း သူ႔ကိုယ္ပိုင္ OS ကို ျဖန္႔ခ်ီေပးမယ့္ သတင္းမ်ားလည္း ထြက္ေနပါတယ္။

Ref : gizmodo

[Unicode]

အမေရိကန်ကြောင့် လက်ပ်တော့ အသစ် မိတ်ဆက်မှုကို ဖျက်သိမ်းမယ့် Huawei

Huawei က ဒီတစ်ပတ်ထဲမှာ ရှန်ဟိုင်းတွင် ကျင်းပမယ့် CES Asia 2019 နည်းပညာ ပြပွဲမှာ MateBook Laptop အသစ် ကြေညာမှုကို ဖျက်သိမ်းမယ်လို့ Ars Technica က သတင်းပေးထားပါတယ်။ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုများကြောင့် ဖြစ်ပါတယ်။ CNBC ရဲ့ အဆိုအရ Huawei Consumer Division မှ စီအီးအို ရစ်ချတ်ယူ က အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် ပီစီများ မထုတ်လုပ်နိုင်တော့ဘူးလို့ ပြောကြောင်း သိရပါတယ်။

စီအီးအိုက အမေရိကန်ရဲ့ ပိတ်ပင်မှု ကာလဘယ်လောက်ကြာမယ်ဆိုတဲ့ အပေါ် မူတည်ပြီးမှ လက်ပ်တော့များကို ဆက်လက်ထုတ်လုပ်ရောင်းချမယ်လို့ ပြောတယ်လို့ သိရပါတယ်။ လက်ပ်တော့များရဲ့ ဝင်ငွေဟာ ဟွာဝေးရဲ့ Consumer Electronics လုပ်ငန်းမှ ဝင်ငွေ အားလုံးရဲ့ အနည်းငယ်သာ ရှိပါတယ်။ ဒါပေမယ့် ဟွာဝေးဟာ ၂၀၁၉ ခုနှစ်မှာ ပီစီ လုပ်ငန်းကနေ အမြတ်များစွာ ရဖို့ ရည်ရွယ်ထားတာပါ။

အမေရိကန်ရဲ့ စီးပွားရေး ပိတ်ပင်မှုကြောင့် ဟွာဝေးဟာ အမေရိကန် ကုမ္ပဏီများထံမှ နည်းပညာများကို ဝယ်ယူလို့ မရတော့ပါဘူး။ ဟွာဝေးဟာ နှစ်စဉ် Semiconductors များကို ဒေါ်လာ ၂၀ ဘီလီယမ်ဖိုး ဝယ်ယူလေ့ရှိပါတယ်။ အများစုက အမေရိကန် ကုမ္ပဏီများထံကပါ။ Intel, ARM , Qualcomm , Broadcom တို့က ဟွာဝေးအား သူတို့ရဲ့ ချစ်ပ်များကို မရောင်းတော့ပါဘူး။

ဟွာဝေးဟာ စမတ်ဖုန်း ပရော်ဆက်ဆာများကို ကိုယ်တိုင် ထုတ်လုပ်တဲ့ အတွက် သူ့ရဲ့ စမတ်ဖုန်း စီးပွားရေးကိုတော့ မထိခိုက်ပါဘူး။ ဒါပေမယ့် ဂူဂယ်လ်ရဲ့ အန်းဒရွိုက် မောင်းနှင်စနစ်ကိုတော့ အသုံးပြုလို့ မရတော့ပါဘူး။ ဟွာဝေးကလည်း သူ့ကိုယ်ပိုင် OS ကို ဖြန့်ချီပေးမယ့် သတင်းများလည်း ထွက်နေပါတယ်။

Ref : gizmodo

%d bloggers like this: