Uber က သူ႔ရဲ႕ မိုးပ်ံ တကၠစီကို ျပသ

Uber က သူ႔ရဲ႕ မိုးပ်ံ တကၠစီကို ပထမဆံုးအႀကိမ္ ျပသလိုက္ပါတယ္။ သူ႔ရဲ႕ မိုးပ်ံ တကၠစီ ၀န္ေဆာင္မႈကို Uber Air လို႔ အမည္ေပးထားပါတယ္။ လာမယ့္ႏွစ္မွာ စတင္ စမ္းသပ္မွာ ျဖစ္ၿပီး ၂၀၂၃ ခုႏွစ္မွာ စတင္ ၀န္ေဆာင္မႈေပးဖို႔ ရည္မွန္းထားေၾကာင္း အူဘာက ေျပာပါတယ္။ ၀န္ေဆာင္ခကို မေျပာေသးေပမယ့္ ဟယ္လီေကာ္ပတာ စီးတာထက္ ေစ်းသက္သာမယ္လို႔ အူဘာက ေျပာပါတယ္။

၂၀၂၃ ခုႏွစ္အတြင္း ေလာ့စ္အိန္ဂ်ယ္လိစ္နဲ႔ ဒါးလက္စ္ျမိဳ႕ေတြမွာ စတင္ ၀န္ေဆာင္မႈေပးမွာ ျဖစ္ပါတယ္။ ေနာက္ပုိင္းမွာ အျခား တည္ေနရာမ်ားမွာလည္း တိုးခ်ဲ႕ေပးမွာ ျဖစ္ပါတယ္။ Uber မိုးပ်ံအငွားယာဥ္မွာ ခရီးသည္ေလးဦးနဲ႔ ေလယာဥ္ေမာင္းတဦးတို႔ လိုက္ပါ စီးနင္းႏိုင္ပါတယ္။ ၂၀၂၈ ခုႏွစ္ ေရာက္ရင္ေတာ့ ယာဥ္ေမာင္း မပါဝင္ေတာ့ဘဲ အလိုအေလ်ာက္ ေမာင္းႏွင္ႏိုင္ဖို႔ ရွိတယ္လို႔ Uber က ဆိုပါတယ္။

မိုးပ်ံ တကၠစီရဲ႕ အတြင္းပိုင္းကို ျပင္သစ္ အာကာသ နည္းပညာ ကုမၸဏီ Safran က ဒီဇိုင္းထုတ္ထားပါတယ္။ ခရီးစဥ္မ်ားကို မိနစ္ ၂၀ အတြင္းမွာ ပို႔ေဆာင္ေပးႏုိင္မယ္လို႔ ကုမၸဏီက တြက္ခ်က္ထားပါတယ္။ မိုးပ်ံ တကၠစီအတြင္းမွာ နည္းပညာျမင့္ ကိရိယာမ်ား မပါေပမယ့္ တန္ဖိုးႀကီး ပစၥည္းမ်ားနဲ႔ တည္ေဆာက္ထားပါတယ္။

“ယာဥ္ေၾကာ ပိတ္ဆို႔မႈေတြကို ေျဖရွင္းႏိုင္မယ့္ ေကာင္းကင္အေဝးေျပးလမ္းမ (Virtual Highways) ေတြကို 3D ပုံရိပ္ေဖာ္ နည္းပညာနဲ႔ က်ေနာ္တို႔ ဖန္တီး ေနပါတယ္။ ဒါေတြအကုန္လုံးက ျမန္ျမန္ဆန္ဆန္ အေကာင္အထည္ ေပၚလာမွာပါ” လို႔ အူဘာက ဆိုပါတယ္။

Ref : dailymail

[Unicode]

Uber က သူ့ရဲ့ မိုးပျံ တက္ကစီကို ပြသ

Uber က သူ့ရဲ့ မိုးပျံ တက္ကစီကို ပထမဆုံးအကြိမ် ပြသလိုက်ပါတယ်။ သူ့ရဲ့ မိုးပျံ တက္ကစီ ဝန်ဆောင်မှုကို Uber Air လို့ အမည်ပေးထားပါတယ်။ လာမယ့်နှစ်မှာ စတင် စမ်းသပ်မှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ စတင် ဝန်ဆောင်မှုပေးဖို့ ရည်မှန်းထားကြောင်း အူဘာက ပြောပါတယ်။ ဝန်ဆောင်ခကို မပြောသေးပေမယ့် ဟယ်လီကော်ပတာ စီးတာထက် ဈေးသက်သာမယ်လို့ အူဘာက ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်း လော့စ်အိန်ဂျယ်လိစ်နဲ့ ဒါးလက်စ်မြို့တွေမှာ စတင် ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အခြား တည်နေရာများမှာလည်း တိုးချဲ့ပေးမှာ ဖြစ်ပါတယ်။ Uber မိုးပျံအငှားယာဉ်မှာ ခရီးသည်လေးဦးနဲ့ လေယာဉ်မောင်းတဦးတို့ လိုက်ပါ စီးနင်းနိုင်ပါတယ်။ ၂၀၂၈ ခုနှစ် ရောက်ရင်တော့ ယာဉ်မောင်း မပါဝင်တော့ဘဲ အလိုအလျောက် မောင်းနှင်နိုင်ဖို့ ရှိတယ်လို့ Uber က ဆိုပါတယ်။

မိုးပျံ တက္ကစီရဲ့ အတွင်းပိုင်းကို ပြင်သစ် အာကာသ နည်းပညာ ကုမ္ပဏီ Safran က ဒီဇိုင်းထုတ်ထားပါတယ်။ ခရီးစဉ်များကို မိနစ် ၂၀ အတွင်းမှာ ပို့ဆောင်ပေးနိုင်မယ်လို့ ကုမ္ပဏီက တွက်ချက်ထားပါတယ်။ မိုးပျံ တက္ကစီအတွင်းမှာ နည်းပညာမြင့် ကိရိယာများ မပါပေမယ့် တန်ဖိုးကြီး ပစ္စည်းများနဲ့ တည်ဆောက်ထားပါတယ်။

“ယာဉ်ကြော ပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်မယ့် ကောင်းကင်အဝေးပြေးလမ်းမ (Virtual Highways) တွေကို 3D ပုံရိပ်ဖော် နည်းပညာနဲ့ ကျနော်တို့ ဖန်တီး နေပါတယ်။ ဒါတွေအကုန်လုံးက မြန်မြန်ဆန်ဆန် အကောင်အထည် ပေါ်လာမှာပါ” လို့ အူဘာက ဆိုပါတယ်။

Ref : dailymail

%d bloggers like this: