၂၀၂၁ ခုႏွစ္မွာ ေမာင္းသူမဲ့ ကားေရာင္းခ်ဖို႔ ရည္ရြယ္ထားတဲ့ Huawei

Huawei က လာမယ့္ ႏွစ္ႏွစ္အတြင္းမွာ ေမာင္းသူမဲ့ ကား ထုတ္လုပ္ေရာင္းခ်ဖို႔ ရည္ရြယ္ထားတယ္လို႔ ကုမၸဏီရဲ႕ နည္းဗ်ဴဟာ အႀကီးအကဲ Dang Wenshuan က ေျပာပါတယ္။ Audi , Toyota တို႔နဲ႔ ပူးေပါင္းတည္ေဆာက္မွာ ျဖစ္ၿပီး ေမာင္းသူမဲ့ ကားနယ္ပယ္မွာ Google , Uber တို႔ကို ယွဥ္ၿပိဳင္မွာပါ။ ဟြာေ၀းက အထက္ပါ ကားထုတ္လုပ္သူမ်ားနဲ႔ တရုတ္ အေျခစုိက္ ကားကုမၸဏီ ႏွစ္ခု ျဖစ္တဲ့ Beijing New Energy Automobile နဲ႔ Changan Automobile ကို AI Software အား ပံ့ပိုးေပးမွာပါ။

ဟြာေ၀းက သူ႔ရဲ႕ ေမာင္းသူမဲ့ ကားကို တရုတ္မွာ စတင္ ေရာင္းခ်မွာပါ။ အဲဒီေနာက္မွာမွ ႏိုင္ငံတကာမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ The Financial Times ရဲ႕ သတင္းအရ ဟြာေ၀းဟာ ၂၀၂၁ ခုႏွစ္မွာ ေမာင္းသူမဲ့ ကားကို ေရာင္းခ်ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ Dang Wenshuan က “ ေမာင္းသူမဲ့ ကား ဟာ့ဒ္၀ဲမ်ားကို အသံုးျပဳရင္ ၂၀၂၁ သို႔မဟုတ္ ၂၀၂၂ ခုႏွစ္မွာ ေမာင္းသူမဲ့ ကားကို ေရာင္းခ်ႏုိင္ဖို႔ ကြ်န္ေတာ္တို႔ ပူးေပါင္းလုပ္ကိုင္ႏုိင္မယ္လို႔ ယံုၾကည္ထားပါတယ္။ တရုတ္မွာ စတင္ ေရာင္းခ်မွာပါ။ ေနာက္ပိုင္းမွာ ဥေရာပမွာလည္း ေစ်းကြက္တိုးခ်ဲ႕မွာ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။

ဟြာေ၀းရဲ႕ ဥာဏ္ရည္တု နည္းပညာ ထည့္သြင္းထားတဲ့ Audi ရဲ႕ ကားဟာ အလိုအေလွ်ာက္ ေမာင္းႏွင္ေနတဲ့ ဗီဒီယိုကို The Financial Times က ျပသခဲ့ပါတယ္။ ေမာင္းသူမဲ့ ကားမ်ားကို ကားထုတ္လုပ္သူမ်ား သာမက နည္းပညာ ကုမၸဏီမ်ားစြာက တီထြင္ေနၾကပါတယ္။ ဘယ္ကုမၸဏီက အရင္ဆံုးေရာင္းႏုိင္မလဲ ဆိုတာ စိတ္၀င္စားစရာ ေကာင္းပါတယ္။

Ref : dailymail

[Unicode]

၂၀၂၁ ခုနှစ်မှာ မောင်းသူမဲ့ ကားရောင်းချဖို့ ရည်ရွယ်ထားတဲ့ Huawei

Huawei က လာမယ့် နှစ်နှစ်အတွင်းမှာ မောင်းသူမဲ့ ကား ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ ကုမ္ပဏီရဲ့ နည်းဗျူဟာ အကြီးအကဲ Dang Wenshuan က ပြောပါတယ်။ Audi , Toyota တို့နဲ့ ပူးပေါင်းတည်ဆောက်မှာ ဖြစ်ပြီး မောင်းသူမဲ့ ကားနယ်ပယ်မှာ Google , Uber တို့ကို ယှဉ်ပြိုင်မှာပါ။ ဟွာဝေးက အထက်ပါ ကားထုတ်လုပ်သူများနဲ့ တရုတ် အခြေစိုက် ကားကုမ္ပဏီ နှစ်ခု ဖြစ်တဲ့ Beijing New Energy Automobile နဲ့ Changan Automobile ကို AI Software အား ပံ့ပိုးပေးမှာပါ။

ဟွာဝေးက သူ့ရဲ့ မောင်းသူမဲ့ ကားကို တရုတ်မှာ စတင် ရောင်းချမှာပါ။ အဲဒီနောက်မှာမှ နိုင်ငံတကာမှာ ရောင်းချမှာ ဖြစ်ပါတယ်။ The Financial Times ရဲ့ သတင်းအရ ဟွာဝေးဟာ ၂၀၂၁ ခုနှစ်မှာ မောင်းသူမဲ့ ကားကို ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ Dang Wenshuan က “ မောင်းသူမဲ့ ကား ဟာ့ဒ်ဝဲများကို အသုံးပြုရင် ၂၀၂၁ သို့မဟုတ် ၂၀၂၂ ခုနှစ်မှာ မောင်းသူမဲ့ ကားကို ရောင်းချနိုင်ဖို့ ကျွန်တော်တို့ ပူးပေါင်းလုပ်ကိုင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ တရုတ်မှာ စတင် ရောင်းချမှာပါ။ နောက်ပိုင်းမှာ ဥရောပမှာလည်း ဈေးကွက်တိုးချဲ့မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

ဟွာဝေးရဲ့ ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားတဲ့ Audi ရဲ့ ကားဟာ အလိုအလျှောက် မောင်းနှင်နေတဲ့ ဗီဒီယိုကို The Financial Times က ပြသခဲ့ပါတယ်။ မောင်းသူမဲ့ ကားများကို ကားထုတ်လုပ်သူများ သာမက နည်းပညာ ကုမ္ပဏီများစွာက တီထွင်နေကြပါတယ်။ ဘယ်ကုမ္ပဏီက အရင်ဆုံးရောင်းနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

Ref : dailymail

%d bloggers like this: