



Ref : gsmarena

[Unicode]

Xiaomi Mi 9T ကို တရားဝင် ကြေညာပြီ

Xiaomi Mi 9T ဟာ Redmi K20 ရဲ့ Global Version ဖြစ်ပါတယ်။ သူ့ကို ဥရောပမှာ တရားဝင် ကြေညာလိုက်ပါပြီ။ Mi 9T Pro ကိုတော့ ကြေညာခြင်း မရှိပါဘူး။ Mi 9T ကို ဒီလ ၁၇ ရက်နေ့မှာ ရောင်းမှာပါ။ 6/64GB ကို ယူရို ၃၂၉ နဲ့ 6/128GB ကို ယူရို ၃၆၉ သတ်မှတ်ထားပါတယ်။ အနက်၊ အပြာ၊ အနီရောင်များ ထုတ်လုပ်ထားပါတယ်။ အရောင်အလိုက် မတူညီတဲ့ Pattern များကို အနောက်မှာ ရေးထွင်းထားပါတယ်။

သူ့မှာ Qualcomm Snapdragon 730 SoC မောင်းနှင်ထားပါတယ်။ ၆.၃၉ လက်မ FHD+ Notch-less AMOLED Display ထည့်သွင်းထားပါတယ်။ AMOLED အမျိုးအစား ဖြစ်ပြီး အရည်အသွေးမှာ 2340x1080p ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာသုံးလုံး ပါပါတယ်။

20MP Pop-up Selfie Camera ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Telephoto , 13MP Ultrawide Camera များ ပါပါတယ်။ 4000mAh Battery ပါပြီး 18W Fast Charging ကို ထောက်ပံ့ထားပါတယ်။Android Pie အခြေပြု MIUI 10 ပါပါတယ်။

Ref : gsmarena

%d bloggers like this: