ကမာၻ႕ေရာင္းအား အေကာင္းဆံုး ဖုန္း ကုမၸဏီျဖစ္လာဖို႔ အခ်ိန္ေႏွာင့္ေႏွးသြားမယ္လို႔ ေျပာတဲ့ Huawei

Huawei က ကမာၻ႕ေရာင္းအား အေကာင္းဆံုး ဖုန္း ကုမၸဏီျဖစ္လာဖို႔ သူ႔ရဲ႕ ရည္မွန္းခ်က္ဟာ မၾကာေသးခင္က ကိစၥမ်ားေၾကာင့္ ေႏွာင့္ေႏွးသြားၿပီလို႔ ေျပာလိုက္ပါတယ္။ ဟြာေ၀း စီးပြားေရး လုပ္ငန္းစုရဲ႕ မဟာဗ်ဴဟာ အရာရွိ Shao Yang က “ ဒီႏွစ္ရဲ႕ နံပါတ္ ၄ ကြာတားမွာ ဟြာေ၀းဟာ ကမာၻ႕ အႀကီးမားဆံုး စမတ္ဖုန္း ကုမၸဏီ ျဖစ္လာဖို႔ အေျခအေနေကာင္းေနပါတယ္။ အခုေတာ့ အခ်ိန္ေစာင့္ဆိုင္းရေတာ့မယ္လို႔ ထင္ပါတယ္။ “ လို႔ ရွန္ဟုိင္းမွာ CES ကို ေျပာတယ္လို႔ သိရပါတယ္။

ယခုႏွစ္ အေစာပိုင္းက ဟြာေ၀းဟာ Apple ကို ေက်ာ္တက္ၿပီး ကမာၻ႕ ဒုတိယ စမတ္ဖုန္း ေရာင္းအား အေကာင္းဆံုး ျဖစ္လာပါတယ္။ အေစာဆံုး အေနနဲ႔ ဒီႏွစ္ ၊ ေနာက္အက်ဆံုး အေနနဲ႔ ေနာက္ႏွစ္ထဲမွာပဲ ဆမ္ေဆာင္းကို ေက်ာ္တက္မယ္လို႔ ယံုၾကည္ထားေၾကာင္းလည္း ဟြာေ၀းက ေျပာခဲ့ပါတယ္။ အခုေတာ့ အေမရိကန္ေစ်းကြက္ကို ဟြာေ၀းက စြန္႔ခြာသြားရေတာ့မွာ ျဖစ္သလို ဂူဂယ္လ္ရဲ႕ အန္းဒရြိဳက္ ေမာင္းႏွင္စနစ္ကိုလည္း အသံုးျပဳလို႔ မရေတာ့ပါဘူး။

ဟြာေ၀းရဲ႕ လုပ္ေဆာင္ခ်က္မ်ားစြာပါၿပီး တန္ဖိုးသက္သာတဲ့ ဖုန္းမ်ားဟာ တရုတ္မွာ လူႀကိဳက္မ်ားေနပါတယ္။ တရုတ္မွာ ဘရန္းစြဲလမ္းမႈလည္း နည္းပါးပါတယ္။ ကုမၸဏီရဲ႕ စြမ္းရည္ျမင့္ P30 Pro လို ေမာ္ဒယ္မ်ားက အေနာက္ ဥေရာပမွာ ေရာင္းအားေကာင္းေနပါတယ္။ ဒါ့အျပင္ စြမ္းရည္သင့္ Honor Brand မ်ားလည္း လူႀကိဳက္မ်ားေနပါတယ္။ အခုေတာ့ အေမရိကန္ရဲ႕ ပိတ္ပင္မႈမ်ားေၾကာင့္ နံပါတ္ တစ္ေနရာကို လုယူမယ့္ ဟြာေ၀းရဲ႕ အိပ္မက္မ်ားက အခ်ိန္ယူရေတာ့မွာပါ။

Ref : techradar

[Unicode]

ကမ္ဘာ့ရောင်းအား အကောင်းဆုံး ဖုန်း ကုမ္ပဏီဖြစ်လာဖို့ အချိန်နှောင့်နှေးသွားမယ်လို့ ပြောတဲ့ Huawei

Huawei က ကမ္ဘာ့ရောင်းအား အကောင်းဆုံး ဖုန်း ကုမ္ပဏီဖြစ်လာဖို့ သူ့ရဲ့ ရည်မှန်းချက်ဟာ မကြာသေးခင်က ကိစ္စများကြောင့် နှောင့်နှေးသွားပြီလို့ ပြောလိုက်ပါတယ်။ ဟွာဝေး စီးပွားရေး လုပ်ငန်းစုရဲ့ မဟာဗျူဟာ အရာရှိ Shao Yang က “ ဒီနှစ်ရဲ့ နံပါတ် ၄ ကွာတားမှာ ဟွာဝေးဟာ ကမ္ဘာ့ အကြီးမားဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖြစ်လာဖို့ အခြေအနေကောင်းနေပါတယ်။ အခုတော့ အချိန်စောင့်ဆိုင်းရတော့မယ်လို့ ထင်ပါတယ်။ “ လို့ ရှန်ဟိုင်းမှာ CES ကို ပြောတယ်လို့ သိရပါတယ်။

ယခုနှစ် အစောပိုင်းက ဟွာဝေးဟာ Apple ကို ကျော်တက်ပြီး ကမ္ဘာ့ ဒုတိယ စမတ်ဖုန်း ရောင်းအား အကောင်းဆုံး ဖြစ်လာပါတယ်။ အစောဆုံး အနေနဲ့ ဒီနှစ် ၊ နောက်အကျဆုံး အနေနဲ့ နောက်နှစ်ထဲမှာပဲ ဆမ်ဆောင်းကို ကျော်တက်မယ်လို့ ယုံကြည်ထားကြောင်းလည်း ဟွာဝေးက ပြောခဲ့ပါတယ်။ အခုတော့ အမေရိကန်ဈေးကွက်ကို ဟွာဝေးက စွန့်ခွာသွားရတော့မှာ ဖြစ်သလို ဂူဂယ်လ်ရဲ့ အန်းဒရွိုက် မောင်းနှင်စနစ်ကိုလည်း အသုံးပြုလို့ မရတော့ပါဘူး။

ဟွာဝေးရဲ့ လုပ်ဆောင်ချက်များစွာပါပြီး တန်ဖိုးသက်သာတဲ့ ဖုန်းများဟာ တရုတ်မှာ လူကြိုက်များနေပါတယ်။ တရုတ်မှာ ဘရန်းစွဲလမ်းမှုလည်း နည်းပါးပါတယ်။ ကုမ္ပဏီရဲ့ စွမ်းရည်မြင့် P30 Pro လို မော်ဒယ်များက အနောက် ဥရောပမှာ ရောင်းအားကောင်းနေပါတယ်။ ဒါ့အပြင် စွမ်းရည်သင့် Honor Brand များလည်း လူကြိုက်များနေပါတယ်။ အခုတော့ အမေရိကန်ရဲ့ ပိတ်ပင်မှုများကြောင့် နံပါတ် တစ်နေရာကို လုယူမယ့် ဟွာဝေးရဲ့ အိပ်မက်များက အချိန်ယူရတော့မှာပါ။

Ref : techradar

%d bloggers like this: