Gaming Phone ဖန်တီးနေတဲ့ Nokia

Gaming Smartphone တွေဟာ အရှိန်အဟုန်နဲ့ ခေတ်စားလာနေပါတယ်။ အဲဒီအတွက် ဖုန်း ကုမ္ပဏီတိုင်းဟာလည်း ဂိမ်း စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချလာကြပါတယ်။ Razer , Asus , Xiaomi , Huawei နဲ့ ZTE တို့က Mobile Gamer များအတွက် အထူး ဖန်တီးထားတဲ့ ဂိမ်း စမတ်ဖုန်းများကို မိတ်ဆက်ခဲ့ကြပြီးပါပြီ။ နိုကီယာကလည်း ဒီနယ်ပယ်ထဲကို ခြေချလာတော့မယ်လို့ အသိပေးလိုက်ပါတယ်။ Nokia India က သူ့ရဲ့ လူမှုကွန်ရက် Channels များကနေ သူတို့ ဖန်တီးနေတဲ့ ဂိမ်း စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။

၁၀ စက္ကန့်ကြာ ဗီဒီယိုမှာ ဂိမ်း ပြကွက်အချို့ကို ပြသထားပါတယ်။ အဆုံးမှာ “ Are You Ready to #GameOn ? “ ဆိုတဲ့ စာသားနဲ့ စမတ်ဖုန်း ပုံတစ်ခုကို ပြသထားပါတယ်။ တွစ်တာမှ အဲဒီ ပို့စ်ရဲ့ စာသားနေရာမှာ “ Stay tuned for a phone you can #GameOn “ လို့ ရေးသားထားပါတယ်။

နိုကီယာက ဆမ်ဆောင်းရဲ့ နည်းလမ်းအတိုင်း လိုက်ဖို့ ဆုံးဖြတ်ထားပုံပေါ်ပါတယ်။ Galaxy Note 9 လို ဂိမ်း စွမ်းရည်များ ပါတဲ့ စမတ်ဖုန်းကို နိုကီယာက ထုတ်လုပ်ရောင်းချနိုင်ပါတယ်။ Note 9 ဟာ Fortnite ကို အစောဆုံး ကစားနိုင်တဲ့ ဖုန်း အဖြစ် ကြော်ညာခဲ့တာ ဖြစ်ပါတယ်။ ယခုလ အစောပိုင်းမှာ Nokia 9 ( or Nokia 8.1 ) နဲ့ Nokia X7 ( ကမ္ဘာအဝန်းမှာ Nokia 7.1 Plus အမည်ဖြင့် ရောင်းချနိုင်ပါတယ်။ ) တို့ရဲ့ သတင်းအချက်အလက်များ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ အဲဒီ ဖုန်းများထဲမှ ဘယ်ဖုန်းဟာ ဂိမ်း စမတ်ဖုန်း ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena

Gaming Phone ဖန်တီးနေတဲ့ Nokia

%d bloggers like this: