Ref : gsmarena
[Unicode]
အကြမ်းခံတဲ့ Samsung Galaxy XCover 4s ကို ကြေညာ
Samsung Galaxy XCover 4s ရဲ့ သတင်းများ မကြာခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ ဆမ်ဆောင်းက သူ့ကို အီတလီမှာ တရားဝင်ကြေညာလိုက်ပါတယ်။ XCover Series ဖြစ်တဲ့ အတွက် သူဟာ အကြမ်းခံ စမတ်ဖုန်းပါ။ သူ့မှာ ရေနဲ့ ဖုန် ဒဏ်ကို ခံနိုင်တဲ့ IP68 စံနှုန်းရှိပါတယ်။ ဒါ့အပြင် MIL-STD 810G စံနှုန်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အခြား Specs များအရ သူဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပါတယ်။
သူ့မှာ ၅ လက်မ TFT HD Touchscreen ထည့်သွင်းထားပါတယ်။ Exynos 7885 Chipset မောင်းနှင်ထားပါတယ်။ 16MP f/1.7 Rear Camera , 5MP f/2.2 Selfie Camera များ ပါပါတယ်။ ဘက်ထရီက 2800mAh ပါ။ Android 9 Pie မောင်းနှင်ထားပါတယ်။ 3GB RAM , 32GB Storage များ ပါပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 145.9 x 73.1 x 9.7 mm ဖြစ်ပါတယ်။
ဘေးဘက်မှာ XCover Button ပါပြီး သူ့ကို နှိပ်ရင် သင် လုပ်နေကျ အလုပ်များကို လျှင်မြန်စွာ လုပ်ပေးခြင်း၊ သင် သုံးနေကျ App ကို လျှင်မြန်စွာ ဖွင့်ပေးခြင်းများကို ပြုလုပ်နိုင်ပါတယ်။ သူ့ကို အီတလီမှာ ဇူလိုင်လတွင် ယူရို ၃၀၀ နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အခြား ဥရောပနိုင်ငံများမှာလည်း မကြာခင်မှာ ရောင်းချပေးမယ်လို့ ထင်ရပါတယ်။
Ref : gsmarena
%d bloggers like this: