0 Shares 85 Views


Jun 12, 2019
0 85




• Bluetooth 5.0 LE, NB-loT


[Unicode]

Xiaomi က ECG Sensors များ ပါတဲ့ Health Watch ကို ကြေညာ

Xiaomi ပိုင်တဲ့ Huami က စမတ်နာရီ အသစ်များကို ကြေညာလိုက်ပါတယ်။ သူတို့မှာ Apple Watch 4 မှာလို ECG Sensor များ ထည့်သွင်းထားပါတယ်။ Amazfit Health Watch မှာ ၁.၂၈ လက်မ Color Screen ထည့်သွင်းထားပြီး 176x176p Resolution ဖြစ်ပါတယ်။ 200mAh Battery ထည့်သွင်းထားပြီး တစ်ခါအားအပြည့်သွင်းထားရင် ၇ ရက်တောင် အသုံးခံပါတယ်။

သူ့ရဲ့ အဓိက စွမ်းရည်တစ်ခုက ECG Sensor နဲ့ Optical Heart Rate Sensor ဖြစ်ပါတယ်။ နှလုံးခုန်နှုန်း မမှန်တာတွေ၊ နှလုံးရောဂါ လက္ခဏာများကို သူက သတိပေးနိုင်ပါတယ်။ သူဟာ အလွန် ပေါ့ပါးပြီး လက်ပတ်ကြိုးမပါရင် ၂၅ ဂရမ်သာ ရှိပါတယ်။ ရေအနက် ၃၀ မီတာအထိ ဝတ်ဆင်သွားနိုင်ပါတယ်။ အဲဒီအတွက် ရေချိုးရင် ချွတ်စရာတောင် မလိုပါဘူး။ ဖန်မျက်နှာပြင်ရဲ့ ဘေးပတ်လည်မှာ သတ္တုဘောင် ကွပ်ထားပါတယ်။

သူ့ကို တရုတ်မှာ ယွမ် ၇၀၀ သတ်မှတ်ထားပြီး ဒီလနှောင်းပိုင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။ သူ့ရဲ့ Specs အပြည့်အစုံကို အောက်မှာ ကြည့်ပါ။

Amazfit Health Watch specifications
• 1.28-inch (176 x 176 pixels) color display with tempered glass protection
• Huangshan No. 1 processor
• BioTracker PPG heart rate sensor, 6- axis low-power IMU, ECG sensor
• Bluetooth 5.0 LE, NB-loT
• Water resistant (3 ATM or 30 meters)
• Dimensions: 42 x 35 x 12.5mm; Weight: 25 grams (without strap)
• 200mAh battery with up to 7 days of battery life

Ref : gsmarena, fonearena

You may be interested

Triple Rear Cameras များပါမယ့် Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras များပါမယ့် Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ့ Exynos Chipset ပါတာ One Vision တစ်လုံးထဲ မဟုတ်တော့ပါဘူး။ Motorola ရဲ့ နောက်ထုတ်မယ့် One Action မှာလည်း ပါလာတော့မှာပါ။ အဲဒီ One Phone ၂ လုံးမှာ တူညီချက်များစွာ…

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
NEWS, Science, Softwares & Application
0 shares0 views

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်

Ko Thuya - Jun 16, 2019

ဂျပန်မှ Advanced Industrial Science and Technology, or AIST က နေအိမ် တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သူဟာ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုမှာ သူဟာ နံရံများကို…

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Jun 16, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို စုစည်းပေးလိုက်ပါတယ်။ 10/6/2019 Huawei က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ဖို့ စာချုပ်ချုပ်ပြီးပြီ အမေရိကန်နဲ့ ပူးပေါင်းတဲ့ နည်းပညာ ကုမ္ပဏီများအား နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ တရုတ် သတိပေး 11/6/2019 “Honor က ဒီနှစ်မှာ…

Leave a Comment

Most from this category